- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကမ္ဘောဒီးယားက အလည်အပတ် ဖိတ်ခေါ်
မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကမ္ဘောဒီးယားသို့ အလည်လာရန် ဖိတ်ခေါ်ထားကြောင်း Kyodo News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Dec 2021

DMG ၊ ဒီဇင်ဘာ ၃
မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကမ္ဘောဒီးယားသို့ အလည်လာရန် ဖိတ်ခေါ်ထားကြောင်း Kyodo News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လာမည့်သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် လာရောက်ရန် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား မိမိတို့အစိုးရအဖွဲ့က ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်ဟု Kyodo News က ရေးသားဖော်ပြသည်။
ဦးဝဏ္ဏမောင်လွင်သည် လာမည့်သီတင်းပတ် အင်္ဂါနှင့် ဗုဒ္ဓဟူးနှစ်ရက်အတွင်း ကမ္ဘောဒီးယားသို့ ရောက်လာမည်ဟု မျှော်လင့်ရသည်။
သို့သော်လည်း အိုမီခရွန် မျိုးကွဲသစ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံအများအပြားသည် ခရီးသွားလာမှုကို ကန့်သတ်လျက်ရှိရာ ဦးဝဏ္ဏမောင်လွင်၏ ခရီးစဉ်အပေါ် အကျိုးသက်ရောက်မှုလည်း ရှိနိုင်နေသည်။
အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ၏ ပဋိပက္ခအား ကမ္ဘောဒီးယားသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ သံတမန်နည်းဖြင့် ချဉ်းကပ်ဖြေရှင်းရန် ကြိုးပမ်းပုံရသည်ဟု Kyodo News ကဖော်ပြသည်။
ကမ္ဘောဒီးယားသည် နောက်လတွင် အာဆီယံဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသည့်နိုင်ငံ ဖြစ်သည်။
ကမ္ဘောဒီးယားက အာဆီယံဥက္ကဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် တစ်ဦးကို အသစ်ခန့်အပ်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားထားသည်။
အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန် ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ထားသည်။ သို့သော်လည်း မြန်မာစစ်အုပ်စုဘက်မှ အဆိုပါသဘောတူညီချက်များအား ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိသလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့ကိုလည်း ထိန်းသိမ်းခံ နိုင်ငံရေးသမားများနှင့် တွေ့ဆုံခွင့် မပြုသဖြင့် အာဆီယံသည် မြန်မာအား အစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားသည်။
အခြားတစ်ဘက်တွင်လည်း အာဆီယံနှင့် ဆက်နွယ်သည့် အစည်းအဝေးများအား မြန်မာဘက်က မတက်ရောက်သဖြင့် အာဆီယံသည် မြန်မာအပေါ် သံတမန်ရေးရာ ဖိအားပေးရာတွင် ထိရောက်မှု အားနည်းလျက်ရှိသည်။