- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
တောင်တရုတ်ပင်လယ်တွင် အကန့်အသတ်ဖြင့်သာ စစ်ရေးလေ့ကျင့်ရန် တရုတ်နှင့် အာဆီယံနိုင်ငံများ သဘောတူ
တောင်တရုတ်ပင်လယ်ပြင်တွင် အငြင်းပွားဖွယ် ကိစ္စရပ်များကို ပိုမိုရှုပ်ထွေးစေမည့် သို့မဟုတ် အရှိန်အဟုန် မြင့်တက်လာစေမည့် လုပ်ရပ်များအား ရှောင်ရှားနိုင်ရန်အတွက် ပင်လယ်ပြင်တွင်း လှုပ်ရှားမှုများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ကြရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ပြန်လည်စတင်ကြရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်တို့အကြား အင်္ဂါနေ့တွင် ကတိပြုလိုက်သည်။
10 Jun 2021

DMG ၊ ဇွန် ၁၀

ဇွန်လ ၇ ရက်နေ့က တရုတ်ပြည် ချုံကင်းမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး အပြီး နောက်တစ်ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ယခုကဲ့သို့ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
အစည်းအဝေးတွင် အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးသဖြင့် ကာကွယ်ဆေး ထိုးနှံမည့် ဒေသများတွင် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘောတူခဲ့ကြကြောင်း The Straits Times သတင်းတစ်ရပ်တွင် ဖော်ပြသည်။
“ရေကြောင်းလုံခြုံရေးကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ရန်၊ တောင်တရုတ်ပင်လယ်ပြင် အတွင်း လွတ်လပ်စွာ သွားလာခွင့်နှင့် ပျံသန်းခွင့်ကို လိုက်နာထိန်းသိမ်းရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရှုပ်ထွေးစေမည့် သို့မဟုတ် အငြင်းပွားမှုများမြင့်တက်လာစေမည့် လုပ်ရပ်များအား ထိန်းထိန်းသိမ်းသိမ်းဖြင့် လှုပ်ရှားဆောင်ရွက်ကြရန်” စာပိုဒ် ၁၄ ပိုဒ်ပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားရေပြင်အား ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် တရုတ်နိုင်ငံသည် အလားတူကြေညာချက်များ ထုတ်ပြန်ထားကြသည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်နိုင်ငံတို့နှင့် အငြင်းပွားမှုများ ရင်ဆိုင်နေရသည်။