- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
ကိုဗစ်ကပ်ဘေးအားအဆုံးသတ်နိုင်မည့် အခြေအနေ မြင်နေရပြီဟု WHO ပြော
ကမ္ဘာတစ်ဝန်းကိုဗစ်ကူးစက်မှုအသစ် အရေအတွက်သည် အံ့မခန်းကျဆင်းလာနေပြီးကိုဗစ်ကပ်ဘေးကြီးအားအဆုံးသတ်နိုင်မည့် အခွင့်အရေးကိုအမိရယူကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
15 Sep 2022

DMG | စက်တင်ဘာ ၁၅
ကမ္ဘာတစ်ဝန်းကိုဗစ်ကူးစက်မှုအသစ် အရေအတွက်သည် အံ့မခန်းကျဆင်းလာနေပြီးကိုဗစ်ကပ်ဘေးကြီးအားအဆုံးသတ်နိုင်မည့် အခွင့်အရေးကိုအမိရယူကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ပိုးစတင်တွေ့ရှိခဲ့သည့် ၂၀၁၉ ခုနှစ်မှ လက်ရှိအချိန်အထိလူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီဖြစ်သောကိုဗစ်-၁၉ ရောဂါကူးစက်မှုသည် တောက်လျှောက်ကျဆင်းလာနေရာမှ ပြီးခဲ့သည့် သီတင်းပတ်တွင် ၂၀၂၀ မတ်လနောက်ပိုင်းအနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု WHO အကြီးအကဲတီဒရော့အက်ဒ်ဟန်နန် ဂယ်ဘရီယက်ဆက်ကပြောကြားသည်။
“ကပ်ဘေးကြီးကိုအဆုံးသတ်ဖို့အတွက် ဒီထက်ပိုကောင်းတဲ့ အခြေအနေမရှိဖူးသေးပါဘူး” ဟုသူကသတင်းထောက်များကိုပြောကြားသည်။
“နိဂုံးကိုမရောက်သေးပေမယ့် မြင်နေရပါပြီ” ဟုသူကပြောသည်။
ကမ္ဘာကြီးအနေဖြင့် အဆင့်တက်ပြီးဤအခွင့်အရေးကိုအမိရယူသင့်သည်ဟုလည်းသူက ဖြည့်စွက်ပြောကြားသည်။
စက်တင်ဘာလ ၁၁ ရက်၏ ရှေ့သီတင်းပတ်တွင် ကမ္ဘာတစ်ဝန်းကိုဗစ်ကူးစက်မှုသည် ၂၈ ရာခိုင်နှုန်းအထိကျဆင်းခဲ့ကာကူးစက်မှုစုစုပေါင်း ၃.၁ သန်းရှိခဲ့သည်။ သူ့ရှေ့သီတင်းပတ်က ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။