- ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်
- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
တရုတ်ပြည်ကို ငှက်ဖျားကင်းစင်နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်
နိုင်ငံတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု လုံးဝမရှိသည်မှာ ၄ နှစ်ဆက်တိုက် ရှိပြီဖြစ်သော တရုတ်ပြည်အား ငှက်ဖျားကင်းစင်နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့တွင် သတ်မှတ်ကြေညာလိုက်သည်။
01 Jul 2021

DMG ၊ ဇူလိုင် ၁
နိုင်ငံတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု လုံးဝမရှိသည်မှာ ၄ နှစ်ဆက်တိုက် ရှိပြီဖြစ်သော တရုတ်ပြည်အား ငှက်ဖျားကင်းစင်နိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အင်္ဂါနေ့တွင် သတ်မှတ်ကြေညာလိုက်သည်။
“ငှက်ဖျားရောဂါဆိုးကြီးကို နိုင်ငံက ဖယ်ရှားလိုက်နိုင်တဲ့ တရုတ်ပြည်သူလူထုကို ကျွန်တော်တို့ ဂုဏ်ပြုပါတယ်” ဟု WHO အထွေထွေညွှန်ကြားရေးမှူး တီဒရော့အက်ဟန်နန်ဂက်ဘရီယေဆက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ခြင်မှတစ်ဆင့် ဖြစ်ပွားသော ဤရောဂါအား တိုက်ဖျက်ရန် အားထုတ်လာသည်မှာ နှစ်ပေါင်း ၇၀ ကြာခဲ့ပြီဖြစ်သည်။
၁၉၄၀ ကျော်ကာလများတွင် နှစ်စဉ် ငှက်ဖျားရောဂါဖြစ်ပွားမှုပေါင်း သန်း ၃၀ ခန့်ရှိခဲ့သော တရုတ်တွင် ၁၉၉၀ ၌ ရောဂါဖြစ်ပွားမှုစုစုပေါင်း ၁၁၇၀၀၀ သာရှိပြီး သေဆုံးမှုကိုလည်း ၉၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင် နှစ်စဉ် ကူးစက်မှုပမာဏကို ၅၀၀၀ ခန့်အထိ လျှော့ချနိုင်ခဲ့ပြီး ယခုအခါ ၄ နှစ်ဆက်တိုက် ငှက်ဖျားလုံးဝ ကင်းစင်ခဲ့ရာမှ ၂၀၂၀ တွင် WHO ၏ ထောက်ခံချက်ကို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
“သူတို့ရဲ့အောင်မြင်မှုဟာ ခက်ခက်ခဲခဲ ကြိုးစားထားရတာဖြစ်ပြီး ရည်မှန်းချက်ရှိရှိနဲ့ ရေရှည်အစီအမံတွေကို ဆယ်စုနှစ်များစွာ လုပ်ခဲ့ပြီး ရရှိလာတာဖြစ်ပါတယ်။ ယခုကြေညာချက်နဲ့အတူ ငှက်ဖျားကင်းစင်တဲ့ အနာဂတ်ရည်ဆိုတာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ နိုင်ငံတွေထဲမှာ တရုတ်လည်း ပါဝင်လာပြီဖြစ်ပါတယ်” ဟု WHO အထွေထွေညွှန်ကြားရေးမှူးက ပြောသည်။
တရုတ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် ငှက်ဖျားကင်းစင်နိုင်ငံများအနက် ၄၀ မြောက်ဖြစ်သည်။
ပြည်တွင်း ငှက်ဖျားကူးစက်မှု သုံးနှစ်ဆက်တိုက် လုံးဝမရှိသော နိုင်ငံများသည် WHO ထံတွင် ငှက်ဖျားကင်းစင်ကြောင်း ထောက်ခံချက် လျှောက်ထားနိုင်သည်။ လျှောက်ထားသောနိုင်ငံများသည် သက်သေအထောက်အထား အခိုင်အမာ ပြသရသလို ငှက်ဖျား ပြန်လည်ဖြစ်ပွားပါက ကိုင်တွယ် ဖြေရှင်းမည့် ပုံစံကိုလည်း နမူနာပြသရသည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ငှက်ဖျားရောဂါ ဖြစ်ပွားမှုစုစုပေါင်း ၂၂၉ သန်းခန့် ရှိခဲ့သည်။