- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အီကွေဒေါအကျဉ်းထောင်တွင်း အဓိကရုဏ်းကြောင့် လူ ၄၃ ဦး သေဆုံးကာ ၁၀၈ ဦး ထွက်ပြေးလွတ်မြောက်လျက်ရှိ
အီကွေဒေါနိုင်ငံတွင် တနင်္လာနေ့ကဖြစ်ပွားခဲ့သည့် ယခုနောက်ဆုံး ဆိုးဝါးသော ထောင်တွင်းအဓိကရုဏ်းတွင် အကျဉ်းသား အနည်းဆုံး ၄၃ ဦး သေဆုံးပြီး အကျဉ်းသား ၁ဝဝ ဦးလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း အစိုးရရှေ့နေက ပြောကြားသည်။
12 May 2022

DMG ၊ မေ ၁၂
အီကွေဒေါနိုင်ငံတွင် တနင်္လာနေ့ကဖြစ်ပွားခဲ့သည့် ယခုနောက်ဆုံး ဆိုးဝါးသော ထောင်တွင်းအဓိကရုဏ်းတွင် အကျဉ်းသား အနည်းဆုံး ၄၃ ဦး သေဆုံးပြီး အကျဉ်းသား ၁ဝဝ ဦးလည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း အစိုးရရှေ့နေက ပြောကြားသည်။
အီကွေဒေါနိုင်ငံ ကီတိုမြို့မှ ကီလိုမီတာ ၈၀ ခန့်အကွာ အီကွေဒေါအလယ်ပိုင်းရှိ ဆန်တိုဒိုမင်ဂိုဒီလော့စ်ကော်လိုရာဒိုစ်ရှိ ဘယ်လာဗစ်စတာ အကျဉ်းထောင်အတွင်း ပြိုင်ဘက် လော့စ်လိုဘိုစ်ဂိုဏ်းနှင့် အာရ်-၇ ဂိုဏ်းတို့အကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း အာဏာပိုင်များက ပြောကြားသည်။
“လောလောဆယ် သေဆုံးသူ အကျဉ်းသား ၄၃ ဦး ရှိတယ်” ဟု အစိုးရရှေ့နေရုံးက လူမှုကွန်ရက်တွစ်တာပေါ်တွင် ရေးသားခဲ့ပြီး လက်ရှိအခြေအနေမှာ “တိုးတက်လာပြီ” ဖြစ်ကြောင်းလည်း ပြောကြားသည်။
အဓိကရုဏ်းအတွင်း အကျဉ်းသား ဒါဇင်ပေါင်းများစွာသည် ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။
လွတ်မြောက်သွားသော အကျဉ်းသား ၁၁၂ ဦးကို ပြန်လည်ဖမ်းဆီးရမိပြီးနောက် ကျန်ရှိနေသော အကျဉ်းသား ၁ဝ၈ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်ဟု ရဲချုပ် ဖူစတိုစလီနက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
တောင်အမေရိကနိုင်ငံ၏ အကျဉ်းထောင်အာဏာပိုင် အဖွဲ့အစည်း SNAI က ၎င်းသည် "တည်ငြိမ်မှုအား အနှောက်အယှက်ဖြစ်စေမည့်အရာများကို" ထိန်းချုပ်ဟန့်တားရန်အတွက် "လုံခြုံရေးလုပ်ငန်းစဉ်များ" ကို ဆောင်ရွက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး ပက်ထရီစီယိုကာရီလိုက ကနဦး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အကျဉ်းသားနှစ်ဦး အသတ်ခံရကြောင်း သတင်းထောက်များအား ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသွားသော အကျဉ်းသားအရေအတွက်သည် ၄၁ ဦးအထိ တိုးလာခဲ့သည်။
“ရဲတပ်ဖွဲ့ဝင်အယောက် ၂ဝဝ၊ စစ်သားအယောက် ၂ဝဝ နှင့် နောက်ထပ် စစ်ကူများ” သွားရောက်နေပြီ ဖြစ်ကြောင်း ရဲချုပ်က ပြောသည်။
ယခုအဓိကရုဏ်းမတိုင်မီ ၂ဝ၂၁ ဖေဖော်ဝါရီလမှစ၍ ဖြစ်ပွားခဲ့သော အခြားသောထောင်တွင်း အဓိကရုဏ်း ၅ ခုတွင် အကျဉ်းသား ၃၅ဝ ဦးခန့် သေဆုံးခဲ့ကြရသည်။
ပြီးခဲ့သောလတွင်လည်း အီကွေဒေါနိုင်ငံတောင်ပိုင်း ကွမ်ကာမြို့ရှိ အယ်လ်တူရီအကျဉ်းထောင်အတွင်း အနည်းဆုံး အကျဉ်းသား ၂ဝ ဦးသေဆုံးခဲ့သည်။
မူးယစ်ဆေးဝါးဂိုဏ်းများက လူကုန်ကူးသည့် လမ်းကြောင်းများကို ထိန်းချုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည့် အပြင်ဘက်လောကရှိ အခြေအနေများကို ထောင်တွင်းဖြစ်ပွားနေသော ပြသနာများက ထင်ဟပ်နေသည်ဟု အီကွေဒေါသမ္မတ ဂီရေမိုလာဆိုက ပြောကြားသည်။