- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
နိုင်ငံသားများ စစ်မှုထမ်းပြီး နိုင်ငံချစ်စိတ်ပြကြရန် အီသီယိုးပီးယားဝန်ကြီးချုပ် တိုက်တွန်း
နိုင်ငံတွင်း နေရာအများအပြားတွင် တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အီသီယိုးပီးယား၌ အသက်အရွယ်ပြည့်မီသူ နိုင်ငံသားများအားလုံး စစ်မှုထမ်းကြရန် ဝန်ကြီးချုပ် အဘီအာမက်က သြဂုတ်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
12 Aug 2021

DMG ၊ ဩဂုတ် ၁၂
နိုင်ငံတွင်း နေရာအများအပြားတွင် တိုက်ပွဲများ အရှိန်မြင့်လာနေသည့် အီသီယိုးပီးယား၌ အသက်အရွယ်ပြည့်မီသူ နိုင်ငံသားများအားလုံး စစ်မှုထမ်းကြရန် ဝန်ကြီးချုပ် အဘီအာမက်က သြဂုတ်လ ၁၀ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
“ကာကွယ်ရေးတပ်များ၊ အထူးတပ်ဖွဲ့များနှင့် လက်နက်ကိုင်တပ်များသို့ ဝင်ရောက်ရန် ကိုက်ညီသော အသက်အရွယ် အရည်အချင်းရှိသူ အီသီယိုးပီးယား နိုင်ငံသားများအတွက် ယခုအချိန်သည် စစ်မှုထမ်းပြီး နိုင်ငံချစ်စိတ်ကို ပြသရန် အသင့်တော်ဆုံးအချိန် ဖြစ်သည်” ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းအစွန်းရှိ တီဂရေးဒေသတွင် တီဂရေး လူထုလွတ်မြောက်ရေးတပ်ဦး (TPLF) သည် ပြီးခဲ့သည့် ဇွန်လတွင် မြို့တော်မက်ကယ်လီကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ အီသီယိုးပီးယား တပ်မတော်သည်လည်း နေရာအနှံ့အပြားမှ ဆုတ်ခွာခဲ့သည်။
ထိုအချိန်မှစတင်၍ TPLF သည် အရှေ့ပိုင်း အာဖားဒေသနှင့် တောင်ပိုင်း အမ်ဟာရာ ဒေသများဆီ တိုက်စစ်များ တိုးချဲ့ခဲ့သည်။
အခြားတစ်ဘက်တွင်မူ အစားအစာ ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူ ၄ သိန်းခန့်ကို ကူညီရန်အတွက် တစ်ဘက်သတ် အပစ်ရပ်ကြောင်း ဝန်ကြီးချုပ်အဘီက ကြေညာခဲ့သည်။
သို့သော် အီသီယိုးပီးယား ဝန်ကြီးချုပ်ရုံးက အင်္ဂါနေ့ထုတ်ပြန်သည့် ကြေညာချက်၌ “သစ္စာဖောက် အကြမ်းဖက်အဖွဲ့ TPLF ၏ အဖျက်အမှောင့် လုပ်ရပ်များနှင့် ၎င်းတို့နောက်ကွယ်မှ ကြိုးဆွဲနေသည့် ပြည်ပလက်များကို အပြီးတိုင် တားဆီးရန်” လုံခြုံရေးတပ်ဖွဲ့ဝင်များအား အမိန့်ပေးထားသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် TPLF တပ်ဖွဲ့များသည် အမ်ဟာရာဒေသရှိ လာလီဘယ်လာမြို့ကို သိမ်းပိုက်ခဲ့သည်။ အဆိုပါမြို့၌ ၁၂ ရာစုက ကျောက်ထွင်း ဘုရားကျောင်းများ တည်ရှိပြီး အဆိုပါကျောင်းများသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာလည်း ဖြစ်သည်။