- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
အီးယူနှင့်ဗြိတိန်က မြန်မာအပေါ် အရေးယူဒဏ်ခတ်မှု အသစ်များ ချမှတ်
မြန်မာစစ်တပ် အရာရှိ ၈ ဦးနှင့် စစ်တပ်နှင့်ဆက်နွယ်နေသည့် ကုမ္ပဏီ ၃ ခုအား အရေးယူဒဏ်ခတ်မှုများ ချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဇွန်လ ၂၁ ရက်နေ့တွင် ကြေညာလိုက်သည်။
23 Jun 2021

DMG ၊ ဇွန် ၂၃
မြန်မာစစ်တပ် အရာရှိ ၈ ဦးနှင့် စစ်တပ်နှင့်ဆက်နွယ်နေသည့် ကုမ္ပဏီ ၃ ခုအား အရေးယူဒဏ်ခတ်မှုများ ချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က ဇွန်လ ၂၁ ရက်နေ့တွင် ကြေညာလိုက်သည်။
ယခုအသစ်ထပ်မံ ဒဏ်ခတ်မှုတွင် စစ်တပ်အတွက် ရံပုံငွေရှာဖွေပေးနေသည့် အစိုးရပိုင် ကျောက်မျက်နှင့် သစ်လုပ်ငန်းများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းများအသင်း တို့လည်း ပါဝင်သည်။
အရေးယူဒဏ်ခတ်မှု စာရင်းထဲတွင် ပြည်ထဲရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေး၊ သဘာဝအရင်းအမြစ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးများ ပါဝင်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံခြင်း၊ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ဖြင့် အရေးယူမည်ဖြစ်သည်။
လက်ရှိအချိန်အထိ မြန်မာ့ပဋိပက္ခနှင့် ပတ်သက်ပြီး အီးယူက အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားသည့် လူပုဂ္ဂိုလ် ၄၃ ဦး၊ အဖွဲ့အစည်းပေါင်း ၆ ခုအထိ ရှိနေပြီဖြစ်သည်။
အီးယူသည် မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုကိုလည်း တားမြစ်ထားပြီး ပြည်တွင်းဖိနှိပ်မှုများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို စောင့်ကြည့်နိုင်သည့် ပစ္စည်းကိရိယာများ ရောင်းချခြင်းကိုပါ တားမြစ်ထားသည်။
ဗြိတိန်ကလည်း ထိုကုမ္ပဏီကြီးနှစ်ခုနှင့် စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့၌ ကြေညာသည်။
ကုမ္ပဏီကြီးနှစ်ခု၏ သွင်းကုန်ပို့ကုန်များကို ကန့်သတ်လိုက်ခြင်းသည် စစ်ဗိုလ်ချုပ်များ၏ ဝင်ငွေ သန်းပေါင်းများစွာကို ဆုံးရှုံးစေမည်ဟု ဗြိတိသျှ နိုင်ငံခြား ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံးက ပြောသည်။
မြန်မာစစ်တပ်၏ လုပ်ရပ်များအတွက် တာဝန်ရှိသူများအား ဒဏ်ခတ်ပိတ်ဆို့ရေးကို ဒီမိုကရေစီ မရမချင်း ဆောင်ရွက်သွားမည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်က ပြောသည်။