- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ EU ချမှတ်မည်
မြန်မာစစ်တပ်နှင့် စစ်တပ်ပိုင် စီးပွားရေးအကျိုးအမြတ်များအား လာမည့်ရက်ပိုင်းအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဟု ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ဂျိုးဆက်ဘော်ရဲက ရိုက်တာသတင်းဌာနသို့ ဇွန်လ ၃ ရက်နေ့တွင် ပြောကြားသည်။
04 Jun 2021

DMG ၊ ဇွန် ၅
မြန်မာစစ်တပ်နှင့် စစ်တပ်ပိုင် စီးပွားရေးအကျိုးအမြတ်များအား လာမည့်ရက်ပိုင်းအတွင်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်သွားမည်ဟု ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ဂျိုးဆက်ဘော်ရဲက ရိုက်တာသတင်းဌာနသို့ ဇွန်လ ၃ ရက်နေ့တွင် ပြောကြားသည်။
ဂျာကာတာတွင် အရှေ့တောင်အာရှ သံတမန်များနှင့် တွေ့ဆုံမှုများအပြီး အင်တာဗျူးတွင် ဘော်ရဲက EU မှ ယခုချမှတ်မည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း တတိယအကျော့ ချမှတ်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည်။
လာမည့်ရက်များအတွင်း အတည်ပြုမည့် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များသည် မြန်မာစစ်အာဏာပိုင် ခေါင်းဆောင်များနှင့် ၎င်းတို့ကို ကိုယ်စားပြုသည့် စီးပွားရေးအကျိုးအမြတ်များကို ပစ်မှတ်ထား အရေးယူခြင်း ဟု သူက ဆိုသည်။
ပြီးခဲ့သော ဧပြီလက EU ၏ နောက်ဆုံး အရေးယူမှုများတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ ပါဝင်ခဲ့သည်။ EU မှ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်များသည် ထိုကုမ္ပဏီများနှင့် စီးပွားရေး လုပ်ဆောင်ခွင့် မရှိပေ။