- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး ဒဏ်ခတ်အရေးယူမည်
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရန် ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအားလုံး စုပေါင်းပြင်ဆင်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပါရီမြို့တွင် ပြောကြားလိုက်သည်။
07 Apr 2021

DMG ၊ ဧပြီ ၇
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရန် ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများအားလုံး စုပေါင်းပြင်ဆင်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပါရီမြို့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် စီးပွားရေလုပ်ငန်းများအား ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံအဆင့် အမြန်ဆုံး ဒဏ်ခတ်အရေးယူရန် စီစဉ်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်အမတ်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဥရောပသမဂ္ဂသည် ပြီးခဲ့သည့်လကလည်း မြန်မာစစ်တပ်နှင့် ဆက်နွယ်သူများ၊ စီးပွားရေးလုပ်ငန်းများအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရယူမှုကို ကန့်ကွက်ဆန္ဒပြမှုများ နေ့စဉ်ရက်ဆက် ပေါ်ပေါက်လျက်ရှိသည်။ ဆန္ဒပြသူများသည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ ရွေးကောက်ပွဲအနိုင်ရ အစိုးရအဖွဲအား အာဏာပြန်လည် အပ်နှင်းရေးတို့ကို တောင်းဆိုလျက်ရှိပြီး ဗြိတိန်၊ အမေရိကန်နှင့် အနောက်နိုင်ငံများကလည်း အဆိုပါ တောင်းဆိုချက်များကို ထောက်ခံထားသည်။
သို့သော်လည်း လက်ရှိ မြန်မာစစ်တပ်အား ရုရှားနှင့် တရုတ်နိုင်ငံတို့က အဓိက ကျောထောက်နောက်ခံ ပြုပေးထားသည်။ တရုတ်က မြန်မာ့အရေးသည် ပြည်တွင်းရေးသာဖြစ်သည်ဟု ပြောထားသလို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်မှုများ ဆောင်ရွက်မှုသည် အဓိပ္ပာယ်မရှိသော လုပ်ရပ်ဖြစ်ကာ ဤလုပ်ရပ်ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းစစ် ဖြစ်ပွားသည်အထိ ဦးတည်သွားနိုင်ကြောင်း ပြောကြားခဲ့သည်ဟု Interfax သတင်းဌာနက ဖော်ပြသည်။