- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မြန်မာအပေါ် အီးယူဘက်က အရေးယူဒဏ်ခတ်မှုများ ထပ်တိုးချမှတ်ရန် စဉ်းစားနေဟုဆို
မြန်မာစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်တိုးချမှတ်ရန်အသင့်ရှိနေကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်သည်။
31 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၁
မြန်မာစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုများ ထပ်တိုးချမှတ်ရန်အသင့်ရှိနေကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ဘော်ရဲလ်က ပြောကြားလိုက်သည်။
မြန်မာစစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့၌ ကယားပြည်နယ်တွင် အမျိုးသမီးများ၊ ကလေးများသာမက လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများအပါအဝင် ပြည်သူ ၃၅ ဦးထက်မနည်းအား သတ်ဖြတ်မီးရှို့ခဲ့သည်ကိုကြည့်လျှင် ကျူးလွန်သူများအားအရေးယူရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း အီးယူကိုယ်စားလှယ်က ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်က ကယားပြည်နယ်တွင် မီးရှို့သတ်ဖြတ်ခံခဲ့ရသူများတွင် မိမိတို့ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း Save the Children အဖွဲ့က အတည်ပြုပြောကြားထားသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုမြင့်တက်လာသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာက မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ရေးအပါအဝင် ကာကွယ်တားဆီးရေးအစီအစဉ်များဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဂျိုးဆက်ဘော်ရဲလ်က ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာစစ်တပ်အား ထပ်တိုးဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် အီးယူဘက်က အသင့်ရှိနေကြောင်းလည်း သူက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်တည်းက ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်နှင့် စစ်တပ်ခေါင်းဆောင်များ၏ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။ အီးယူသည် မြန်မာအစိုးရသို့ ပေးအပ်နေသော အကူအညီများ၊ စစ်အစိုးရကို တရားဝင်အသိအမှတ် ပြုသကဲ့သို့ အကျိုးသက်ရောက်နိုင်သည့် ကူညီဆောင်ရွက်မှုများကိုပါ ရပ်ဆိုင်းထားသည်။