- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုရိုနာရန်ပုံငွေအတွက် ယူရိုငွေ ၇၅၀ ဘီလျံ သုံးစွဲရန် ဥရောပသမဂ္ဂခေါင်းဆောင်များ သဘောတူ
လေးရက်ကြာ အကြိတ်အနယ် ဆွေးနွေးမှုများအပြီးတွင် ဥရောပသမဂ္ဂခေါင်းဆောင်များသည် ကိုရိုနာကုသရေး ရန်ပုံငွေအတွက် ယူရိုငွေ ၇၅၀ ဘီလျံသုံးစွဲရန် သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Jul 2020

လေးရက်ကြာ အကြိတ်အနယ် ဆွေးနွေးမှုများအပြီးတွင် ဥရောပသမဂ္ဂခေါင်းဆောင်များသည် ကိုရိုနာကုသရေး ရန်ပုံငွေအတွက် ယူရိုငွေ ၇၅၀ ဘီလျံသုံးစွဲရန် သဘောတူလိုက်ကြပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုရန်ပုံငွေအား ဗိုင်းရပ်စ်ဒဏ်ကို အဆိုးဆုံးခံစားနေရသည့် နိုင်ငံများထံ ချေးငွေများ၊ ထောက်ပံ့ကြေးများ ပေးအပ်ရာတွင် အသုံးပြုသွားမည်ဖြစ်သည်။
ရန်ပုံငွေ အဓိကရရှိမည့် နိုင်ငံများတွင် အီတလီနှင့် စပိန်နိုင်ငံတို့သည် ထိပ်ဆုံးက ပါဝင်သည်။
လေးရက်ကြာ ဆွေးနွေးပွဲအတွင်း ကိုရိုနာဒဏ် အဆိုးဆုံးခံစားနေရသော နိုင်ငံများနှင့် ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးအတွက် ပိုမိုစိတ်ပူနေကြသော နိုင်ငံများအကြားတွင်လည်း အငြင်းအခုံများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်ခဲ့သည်။
ဥရောပသည် ကိုဗစ်ဒဏ်ကို အဆိုးဆုံးခံစားနေရသည့် ဒေသတစ်ခုဖြစ်ပြီး ကပ်ဘေးကြောင့်သေဆုံးသူ ၁၃၅၀၀၀ ခန့် ရှိနေပြီဖြစ်သည်။
အီတလီတွင်ဆိုလျှင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ရှိပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ယခုနှစ်တွင် ၁၁.၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း တွက်ချက်ထားကြသည်။
ဥရောပသမဂ္ဂညီလာခံကို ဘရပ်ဆဲလ်တွင် ပြီးခဲ့သော သောကြာနေ့က စတင်ကျင်းပခဲ့သည်။ နိုင်ငံခေါင်းဆောင်များသည် စုစုပေါင်း နာရီ ၉၀ ကျော် ကြာမြင့်အောင် ညှိနှိုင်းဆွေးနွေးမှုများ ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်က ပြင်သစ်တွင်ကျင်းပခဲ့သည့် ညီလာခံနောက်ပိုင်းတွင် အရှည်ကြာဆုံးဆွေးနွေးမှု ဖြစ်သည်။