- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သည့်အနေဖြင့် ဖိလစ်ပိုင်အစိုးရက စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့
စီးပွားရေးအခန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခွင့်ပြုပေးနိုင်မည့် ဥပဒေတစ်ခုကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးက အတည်ပြုပေးခဲ့သည်ဟု သမ္မတရုံးက သောကြာနေ့က ပြောကြားလိုက်သည်။
07 Mar 2022

DMG ၊ မတ် ၇
စီးပွားရေးအခန်းကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုခွင့်ပြုပေးနိုင်မည့် ဥပဒေတစ်ခုကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂိုဒူတာတေးက အတည်ပြုပေးခဲ့သည်ဟု သမ္မတရုံးက သောကြာနေ့က ပြောကြားလိုက်သည်။
နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိသည့် အဆိုပါနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပထမဆုံးအကြိမ်အဖြစ် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို စတင်တည်ထောင်ခွင့်နှင့် အလုံးစုံပိုင်ဆိုင်ခွင့်ကိုပေးအပ်ခဲ့ပြီး လည်ပတ်နေပြီးသော လုပ်ငန်းများတွင်လည်း အစုရှယ်ရာများ ၁၀၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ပြုခဲ့သည်။
ယခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အသေးစားလုပ်ငန်းများတွင်ပင် အနည်းဆုံးဖိလစ်ပိုင်အလုပ်သမား ၅၀ ဦးငှားရမ်းမှသာ ရင်းနှီးမြှုပ်နှံခွင့်ရှိသည်။
“ဖိလစ်ပိုင်လူမျိုးများအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ သိသိသာသာတိုးချဲ့ပေးသည့် လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုအားပေးရမည်”ဟု ဥပဒေသစ်ကပြဋ္ဌာန်းထားသည်ကို သတင်းများကဖော်ပြခဲ့ကြသည်။
အနည်းဆုံးပြည်တွင်းအလုပ်သမား ၁၅ ဦးငှားရမ်းပြီး ခေတ်မီနည်းပညာများကို ယူဆောင်မိတ်ဆက်ပေးသည့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား လုပ်ငန်းထူထောင်ရန်လိုအပ်သည့် အနိမ့်ဆုံးအရင်းအနှီးမတည်ငွေကို အဆိုပါဥပဒေက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ အထိ ထက်ဝက်လျှော့ချပေးထားသည်။
ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရေးကန့်သတ်ချက်များ၊ အခြေခံအဆောက်အဦအားနည်းမှုနှင့် မူဝါဒမရေရာမှုများကဲ့သို့သော ပြဿနာများကြောင့် နိုင်ငံခြားဝင်ငွေရရှိရန် ကာလကြာရှည်စွာ ရုန်းကန်ခဲ့ရသည့်အပြင် စီးပွားရေးလုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်သော အခွန်ကင်းလွတ်ခွင့်နှင့် လုပ်ငန်းလည်ပတ်မှုစရိတ် သက်သာသည့် အိမ်နီးချင်းနိုင်ငံများထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
သို့သော် အဆိုပါအခြေအနေကို ပြုပြင်ပြောင်းလဲရန်အတွက် အစိုးရအနေဖြင့် လတ်တလောကြိုးပမ်းမှုများစွာကို ပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်တွင် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံခြားလက်လီဖြန့်ချိသူများ ဖိလစ်ပိုင်နိုင်ငံတွင် ဆိုင်ခန်းများစတင်ဖွင့်လှစ်ရာ၌ အနိမ့်ဆုံးမတည်ရင်းနှီးငွေ လိုအပ်ချက်ပမာဏကို လျှော့ချပေးခဲ့သည်။