- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ငှက်တုပ်ကွေးအန္တရာယ်ကြောင့် ပြင်သစ်တွင် ဘဲကောင်ရေ သိန်းပေါင်းများစွာ သုတ်သင်
ရောဂါဖြစ်ပွားလွယ်သည့် H5N8 ငှက်တုပ်ကွေးရောဂါပိုးအား ထိန်းချုပ်နိုင်ရေးအတွက် ပြင်သစ်တွင် ဒီဇင်ဘာ ပြီးခဲ့သည့် နှစ်ပတ်အတွင်း သုတ်သင်ခဲ့သည့် ဘဲကောင်ရေ ၃ သိန်းခွဲအထိ ရှိကြောင်း ပြင်သစ် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
08 Jan 2021

ရောဂါဖြစ်ပွားလွယ်သည့် H5N8 ငှက်တုပ်ကွေးရောဂါပိုးအား ထိန်းချုပ်နိုင်ရေးအတွက် ပြင်သစ်တွင် ဒီဇင်ဘာ ပြီးခဲ့သည့် နှစ်ပတ်အတွင်း သုတ်သင်ခဲ့သည့် ဘဲကောင်ရေ ၃ သိန်းခွဲအထိ ရှိကြောင်း ပြင်သစ် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထပ်မံ၍လည်း ကောင်ရေ ၄ သိန်းအထိ သုတ်သင်ရန်စီစဉ်ထားကြောင်း တိမွေးကုအရာရှိချုပ် လွိုက်အီဗင်က ပြောကြားသည်။
H5N8 ရောဂါပိုးအား ၂၀၂၀ နိုဝင်ဘာလတွင် ကော်စီကာကျွန်းရှိ တိရစ္ဆာန်အရောင်းဆိုင် တစ်ခုရှိ ငှက်တစ်ကောင်တွင် စတင်တွေ့ရှိခဲ့ပြီး ဒီဇင်ဘာသို့အရောက်တွင် ပြည်မရှိ ဘဲမွေးမြူရေးခြံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
လက်ရှိအချိန်၌ ဥရောပနိုင်ငံအချို့တွင်လည်း ဤပိုးကူးစက်မှုများ ရှိနေကြောင်း အစီရင်ခံစာများ ထုတ်ပြန်ထားသည်။
ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ကူးစက်ခံထားရသည့် ဘဲအုပ် သုံးအုပ်အထိ သုတ်သင်ထားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဗိုင်းရပ်သည် လူအတွက် အန္တရာယ်မရှိသော်လည်း အလွန့်အလွန် ကူးစက်လွယ်သည်ဟု တိမွေးကုအရာရှိချုပ်က ဆိုသည်။
ပြင်သစ်လုပ်ငန်းရှင် ဟာဗေးဒူပွီကလည်း ထုတ်လုပ်ရေးကို နှစ်လတာဆိုင်းငံ့ပြီး ဒေသတစ်ဝိုက်ရှိ ကြက်၊ဘဲများအားလုံးကို သုတ်သင်ရန် အစိုးရအား တောင်းဆိုထားသည်။
“တခြားရွေးစရာမရှိဘူး” ဟု သူကဆိုသည်။
နယ်သာလန်၊ ဆွီဒင်၊ ဗြိတိန်နှင့် အိုင်ယာလန်နိုင်ငံ များတွင်လည်း ဆောင်းရာသီစတင်ချိန်တည်းက ငှက်တုပ်ကွေးရောဂါ ကူးစက်မှုများ တွေ့ရှိထားကြောင်း အစီရင်ခံစာများ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒပ်ချ်အာဏာပိုင်များသည် မွေးမြူရေးခြံနှစ်ခု၌ ဗိုင်းရပ်စ်တွေ့ရှိသဖြင့် ကြက်ကောင်ရေ ၂ သိန်းနီးပါး သုတ်သင်ခဲ့သည်။