- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
H10N3 ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရသူတစ်ဦးအား တရုတ်တွင် ပထမဆုံး စစ်ဆေးတွေ့ရှိ
H10N3 ငှက်တုပ်ကွေးရောဂါ လူသားထံတွင် ကူးစက်ခံထားရသည်ကို ပထမဆုံး စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ သို့သော်လည်း ဤရောဂါပိုး လူအချင်းချင်း ကူးစက်နိုင်ခြေသည် မရှိသလောက် နည်းပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
02 Jun 2021

DMG ၊ ဇွန် ၂
H10N3 ငှက်တုပ်ကွေးရောဂါ လူသားထံတွင် ကူးစက်ခံထားရသည်ကို ပထမဆုံး စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ သို့သော်လည်း ဤရောဂါပိုး လူအချင်းချင်း ကူးစက်နိုင်ခြေသည် မရှိသလောက် နည်းပါကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
ဧပြီလ ၂၈ ရက်နေ့က တရုတ်ပြည့်အရှေ့ပိုင်း ကျန်ကျင်းမြို့တွင် အဖျားရောဂါဖြင့် ဆေးရုံတင်လာသည့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် H10N3 ငှက်တုပ်ကွေးရောဂါပိုးကို တစ်လအကြာ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အမျိုးသားကျန်းမာရေး ကောင်မရှင် (NHC) က အွန်လိုင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းအမျိုးသားသည် လက်ရှိအချိန်တွင် ကျန်းမာရေး တည်ငြိမ်ပြီး သူနှင့် အနီးကပ် ထိတွေ့ဆက်ဆံခဲ့သည်များတွင်လည်း မူမမှန်သည့် အနေအထား တစ်စုံတစ်ရာ မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
H10N3 သည် ရောဂါဖြစ်ပွားစေနိုင်စွမ်း နိမ့်ပြီး ငှက်များတွင် သေဆုံးမှု သို့မဟုတ် ပြင်းထန်စွာဖျားနာမှု ဖြစ်နိုင်ခြေလည်း မရှိသလောက် နည်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တရုတ်ပြည်တွင် ငှက်တုပ်ကွေး အမျိုးအစား အပြားအများ တွေ့ရလေ့ရှိသော်လည်း လူအများထံတွင် ကပ်ဘေးအဖြစ် ကူးစက်ပျံ့နှံ့မှုသည် ဖြစ်လေ့ဖြစ်ထ နည်းသည်။