- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဂျော်ဂျီယာနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး 'ချက်ချင်း' လျှောက်ထားမည်
စစ်ဒဏ်ခံနေရသော ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကြိုးပမ်းမှုကို ဥရောပပါလီမန်က ထောက်ခံခဲ့ပြီး တစ်ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဂျော်ဂျီယာနိုင်ငံကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလျှောက်ထားမည်ဟု နိုင်ငံ၏အာဏာရပါတီက ပြောကြားလိုက်သည်။
05 Mar 2022

DMG ၊ မတ်လ ၅ ရက်
စစ်ဒဏ်ခံနေရသော ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကြိုးပမ်းမှုကို ဥရောပပါလီမန်က ထောက်ခံခဲ့ပြီး တစ်ရက်အကြာ ဗုဒ္ဓဟူးနေ့တွင် ဂျော်ဂျီယာနိုင်ငံကလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလျှောက်ထားမည်ဟု နိုင်ငံ၏အာဏာရပါတီက ပြောကြားလိုက်သည်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်အဖြစ် ချက်ချင်း လျှောက်ထားရန် ပါတီ၏ ဆုံးဖြတ်ချက်ကို လက်ရှိ အာဏာရ ဂျော်ဂျီယာနိုင်ငံသားများအိပ်မက်ပါတီ ဥက္ကဋ္ဌ အိုင်ရာကလီကိုဘာခိဒ်ဇီက ကြေညာခဲ့သည်။
"ကျွန်တော်တို့လျှောက်လွှာကို အရေးတကြီး စိစစ်ပေးဖို့နဲ့ ဂျော်ဂျီယာနိုင်ငံကို ဥရောပသမဂ္ဂအဖွဲ့ဝင် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုပေးဖို့အတွက် ဆုံးဖြတ်ချက်ချပေးရန်” ဂျော်ဂျီယာနိုင်ငံက အီးယူအား တောင်းဆိုကြောင်းလည်း ဥက္ကဋ္ဌက သတင်းထောက်များအား ပြောကြားသည်။
ဂျော်ဂျီယာ၏ ဥရောပသမဂ္ဂနှင့်ပေါင်းစည်းမှုသည် "နိုင်ငံသားများရဲ့ သုခချမ်းသာ၊ လုံခြုံရေးနဲ့ သိမ်းပိုက်မခံရရေးတို့အတွက် ကျွန်ုတော်တို့နိုင်ငံကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည့် လမ်းကြောင်းတစ်ခုပေါ် ဦးဆောင်ပေးပါလိမ့်မယ်" ဟု ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးသည် ယူကရိန်းနိုင်ငံအား ဥရောပသမဂ္ဂကိုယ်စားလှယ်လောင်းနိုင်ငံ ဖြစ်ခွင့်ပြုရေးအတွက် ဥရောပပါလီမန်အဖွဲ့ဝင်များက ဥရောပသမဂ္ဂ၏ အဖွဲ့အစည်းများထံတွင် ယူကရိန်းနိုင်ငံအား ထောက်ခံပေးမှုကို ကျောထောက်နောက်ခံအနေဖြင့် ရရှိခဲ့သည်။ ဂျော်ဂျီယာနိုင်ငံကလည်း ယူကရိန်းသမ္မတ၏ လမ်းစဉ်အတိုင်း ဆုံးဖြတ်ချက်ချလုပ်ဆောင်လာခြင်း ဖြစ်သည်။