- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
အိန္ဒိယမှာ ဆေးရုံမီးလောင်မှု မွေးကင်းစကလေး ၁၀ ဦးသေဆုံး
ဥတ္တာပရာဒက်ရှ်ပြည်နယ် ဂျန်ဆီမြို့ရှိ မဟာရာနီ လက်ရှမီးဘိုင် ဆေးပညာကောလိပ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညဉ့် ၁၀ နာရီခွဲဝန်းကျင်၌ ယခုကဲ့သို့ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
18 Nov 2024

အိန္ဒိယနိုင်ငံရှိ ဆေးရုံတစ်ခုတွင် အောက်ဆီဂျင်စက် ချို့ယွင်းရာမှ မီးလောင်ကျွမ်းပြီး မွေးကင်းစကလေးငယ် ၁၀ ဦး သေဆုံးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဥတ္တာပရာဒက်ရှ်ပြည်နယ် ဂျန်ဆီမြို့ရှိ မဟာရာနီ လက်ရှမီးဘိုင် ဆေးပညာကောလိပ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညဉ့် ၁၀ နာရီခွဲဝန်းကျင်၌ ယခုကဲ့သို့ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
မီးလောင်ရာနေရာကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခု၌ အဆိုပါ အဆောင်အတွင်း တူးချစ်နေသော အိပ်ရာများနှင့် နံရံများကို တွေ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
မီးလောင်ကျွမ်းစဉ် ကယ်တင်နိုင်ခဲ့သော ကလေးများအားလုံးမှာ ရက်သားအရွယ်များ ဖြစ်ပြီး ဆေးရုံတွင်း၌ နောက်အဆောင်တစ်ခုသို့ ရွှေ့ပြောင်းပေးထားကြောင်း သတင်းတွင် ဖော်ပြသည်။
ကလေးငယ် ၃၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အားလုံး ကျန်းကျန်းမာမာဖြင့် ရှိနေသည်ဟု ကောလိပ်ကျောင်းအုပ်ကြီး နာရင်ဒြာဆန်ဂါက အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားထားသည်။
အခန်းတွင် အောက်ဆီဂျင်ပါဝင်မှုကို မြှင့်တင်ပေးသည့် စက်တွင် ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်တွင် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲအရာရှိ ဂျာနန်ဒြာ ကူးမားဆင်းက ပြောကြားသည်။
“မီးလောင်ရတဲ့ အကြောင်းရင်းကို စစ်ဆေးနေပါတယ်။ လစ်ဟင်းမှု တစုံတရာ တွေ့ရင် တာဝန်ရှိသူတွေကို တိတိကျကျ အရေးယူသွားမှာပါ” ဟု ဥတ္တာပရာဒက်ရှ် လက်ထောက်အုပ်ချုပ်ရေးမှူး ဘရာဂျက်ပါသက်က ပြောကြားထားကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံတွင် ယခုနှစ် မေလအတွင်းကလည်း နယူးဒေလီမြို့ရှိ ကလေးဆေးရုံတစ်ခု၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အတွက် မွေးကင်းစကလေးငယ် ခြောက်ဦး သေဆုံးခဲ့သည်။