- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အီရန်အစိုးရပိုင် သတင်းဝက်ဘ်ဆိုက် ၃၀ ကျော် အမေရိကန် ထိန်းချုပ်
အမေရိကန်တရားရေးဌာနသည် အီရန်အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာဝက်ဘ်ဆိုက် ၃၃ ခုနှင့် ကာတက်ဟက်ဇဘိုလာ အီရတ်အုပ်စု၏ ဝက်ဘ်ဆိုက် ၃ ခုကို ထိန်းချုပ်လိုက်ကြောင်း ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
24 Jun 2021

DMG ၊ ဇွန် ၂၄
အမေရိကန်တရားရေးဌာနသည် အီရန်အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာဝက်ဘ်ဆိုက် ၃၃ ခုနှင့် ကာတက်ဟက်ဇဘိုလာ အီရတ်အုပ်စု၏ ဝက်ဘ်ဆိုက် ၃ ခုကို ထိန်းချုပ်လိုက်ကြောင်း ဇွန်လ ၂၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်ပိုင် ဒိုမိန်းများဖြင့် ဖန်တီးထားသည်ဆိုသည့် အဆိုပါဝက်ဘ်ဆိုက်များသည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ငြိစွန်းနေသည်ဟု ဆိုသည်။
အီရန်အစိုးရ၏ အဓိကဝက်ဘ်ဆိုက်များဖြစ်ပြီး အင်္ဂလိပ်ဘာသာစကား၊ အာရဗီဘာသာစကားများဖြင့် ဖော်ပြထားသည့် Press TV နှင့် Al-Alam ဝက်ဘ်ဆိုက်များ အပါအဝင် ယီမင် ဟူသီသူပုန်များ၏ Al-Masirah ရုပ်သံဝက်ဘ်ဆိုက်များ၌ “အမေရိကန်ပြည်ထောင်စု အစိုးရက ထိန်းချုပ်လိုက်ပြီ” ဟူသောစာသားအား ဗဟိုထောက်လှမ်းရေး FBI နှင့် အမေရိကန်ကုန်သွယ်ရေးဌာန၏ တံဆိပ်များဖြင့် ပူးတွဲဖော်ပြထားသည့် စာမျက်နှာတစ်ခုစီသာ တွေ့ရသည်။
အမေရိကန်သည် အီရန် ရေဒီယိုနှင့် ရုပ်သံ (IRTVU) နှင့် အီရန် တော်လှန်ရေး အစောင့်တပ် (IRGC) နှစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းထားပြီး အမေရိကန်နိုင်ငံသားများ၊ အမေရိကန်ပိုင် ကုမ္ပဏီများ၊ အမေရိကန်၏ လက်အောက်ခံ ပြည်တွင်းပြည်ပ ကုမ္ပဏီများအား ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ဆက်စပ်ပြီး စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်ထားသည်။
ဝက်ဘ်ဆိုက်သုံးခု ထိန်းချုပ်ခံရသည့် ကာတက်ဟက်ဇဘိုလာအုပ်စုသည် တီဟီရန်နှင့် နီးကပ်သောဆက်ဆံရေး ရှိထားသည့် သဘောထားတင်းမာသော အီရတ်စစ်အုပ်စု ဖြစ်ပြီး အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။
အစ္စလာမစ်အီရန်ပြည်သူ့အသံလွှင့်ဌာန (IRIB) ကမူ အမေရိကန်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဖိနှိပ်နေပြီး အစ္စရေး၊ ဆော်ဒီတို့နှင့် ပူးပေါင်းကာ အမေရိကန်နှင့် အပေါင်းအပါများ၏ ဒေသတွင်းကျူးလွန်သည့် ရာဇဝတ်မှုများကို အံတုဖော်ပြနေသည့် မီဒီယာများအား ပိတ်ဆို့နေသည်ဟု စွပ်စွဲသည်။