- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
လကမ္ဘာမှ ယူလာသော မြေသားပေါ်တွင် သိပ္ပံပညာရှင်များ အပင်စမ်းသပ်စိုက်ပျိုး
သိပ္ပံပညာရှင်များသည် ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်မှ သယ်ယူလာသော မြေသားပေါ်တွင် အပင်များ စမ်းသပ်စိုက်ပျိုးခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 May 2022
DMG ၊ မေ ၁၄
သိပ္ပံပညာရှင်များသည် ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်မှ သယ်ယူလာသော မြေသားပေါ်တွင် အပင်များ စမ်းသပ်စိုက်ပျိုးခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အပိုလိုစီမံကိန်းမှ အာကာသယာဉ်မှူးများ သယ်ယူလာသော မြေသားပေါ်၌ ယခုကဲ့သို့ စိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
ယခုစမ်းသပ်မှုက သုတေသနပညာရှင်များအနေဖြင့် တစ်နေ့နေ့တွင် လကမ္ဘာပေါ်၌ အပင်များ စိုက်ပျိုး၍ ရနိုင်ခြေကို မျှော်လင့်ချက်ပေးခဲ့ကြောင်း ဇီဝဆက်သွယ်ရေးဂျာနယ်၌ ကြာသပတေးနေ့တွင် ဖော်ပြထားသည်။
ပညာရှင်များသည် လကမ္ဘာပေါ်၌ နေရာအနှံ့အပြားစုဆောင်းခဲ့သော မြေသားများအနက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာခန့်ပေါ်၌ မျိုးစေ့ချကာ ရေနှင့် ဓာတ်မြေသြဇာများ အသုံးပြုပြီး အပင်ငယ်များ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌ ကမ္ဘာပေါ်မှ မြေသားဖြင့်လည်း ထိုနည်းအတိုင်း ပုံစံတူ စိုက်ပျိုးကာ စမ်းသပ်ခဲ့ပြီး ၂ ရက်အကြာတွင် ရလဒ်များ ပေါ်ထွက်ခဲ့သည်။
“နှစ်မျိုးလုံးက အပင်တွေဟာ ခြောက်ရက်နီးပါး ကြာတဲ့အထိ ပုံစံတူ ကြီးထွားနေခဲ့တယ်” စာရေးသူများအနက် တစ်ဦးဖြစ်သူ အန်နာလီဆာပေါလ်က ပြောကြားသည်။
သို့သော်လည်း ခြောက်ရက်ကျော်လွန်ပြီးနောက်တွင်မူ လပေါ်မှမြေသားများပေါ်တွင် စိုက်ပျိုးထားသည့် အပင်များမှာ ကြီးထွားမှု နှေးကွေးလာခဲ့သည်။
လကမ္ဘာမြေသားပေါ်မှ အပင်များ ကြီးထွားပုံသည် ဆားငန်မြေ သို့မဟုတ် သတ္တုရိုင်းမြေများပေါ်မှ အပင်များ၏ ကြီးထွားပုံနှင့် ဆင်တူကြောင်း လေ့လာသူများ၏ ရေးသားချက်အရ သိရသည်။
နာဆာသည် အာတီမစ်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လကမ္ဘာပေါ်သို့ ထပ်မံခြေချကာ လူသားများ ရေရှည်နေထိုင်နိုင်ရေး ပန်းတိုင်အတွက် ပြင်ဆင်လျက်ရှိသည်။
“ဒီစမ်းသပ်မှုက နာဆာရဲ့ ရေရှည် လူသားလေ့လာမှုပန်းတိုင်တွေအတွက် အထူးအရေးပါပါတယ်” ဟု အမေရိကန်အာကာသအေဂျင်စီ အကြီးအကဲ ဘီလ်နယ်ဆင်က ပြောကြားသည်။
“အနာဂတ်မှာ နက်ရှိုင်းတဲ့အာကာသမှာ နေထိုင်ကြရတဲ့ အာကသယာဉ်မှူးတွေရဲ အစာရေစာအတွက် လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပေါ်က အရင်းအမြစ်တွေကို အသုံးပြုဖို့ လိုအပ်လာလိမ့်မယ်” ဟု သူက ပြောကြားသည်။