- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အမေရိက၏ အရပ်အရှည်ဆုံးအမျိုးသား အသက် ၃၈ နှစ်တွင် ကွယ်လွန်
အရပ် ၇ ပေ ၈ လက်မမြင့်သည့် အမေရိက၏ အရပ်အရှည်ဆုံးအမျိုးသားသည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏မိခင်က ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
25 Aug 2021

DMG ၊ ဩဂုတ် ၂၆
အရပ် ၇ ပေ ၈ လက်မမြင့်သည့် အမေရိက၏ အရပ်အရှည်ဆုံးအမျိုးသားသည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏မိခင်က ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
သူမ၏ သားသည် သောကြာနေ့က အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာပြည်နယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ရေးသားထားသည်။
ယူကရိန်းတွင် မွေးဖွားခဲ့သည့် အီဂေါ်ဘော့ကိုဗင်စကီးသည် ခန္ဓာကိုယ်ကြီးထွားစေသည့် ဟော်မုန်းထုတ်ပေးသော အကျိတ် အဆမတန်ကြီးမားကာ ကြီးထွားမှုဟော်မုန်း အလွန်အမင်း ထွက်ရှိပြီး ခန္ဓာအလွန်အမင်းကြီးထွားသည့် ရောဂါကို ရင်ဆိုင်ခဲ့ရသည်။
၎င်းအား မိခင်ဖြစ်သူက ၁၉၈၉ ခုနှစ်တွင် ဆေးကုသရန် အမေရိကန်ပြည်ထောင်စုသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
ခွဲစိတ်ကုသမှု နှစ်ခုပြုလုပ်ပြီးနောက် သူ၏အသက်ကို ကယ်တင်နိုင်ခဲ့သော်လည်း မတန်တဆ ကြီးထွားမှုကိုမှု မရပ်တန့်နိုင်ခဲ့ပေ။
အသက် ၂၇ နှစ်အရွယ်တွင် သူသည် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း၌ အမေရိက၏ အရပ်အရှည်ဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လက်ရှိ ကမ္ဘာ့အရပ်အရှည်ဆုံး ပုဂ္ဂိုလ်မှာ ဆူလတန်ကိုဆန်ဟု အမည်ရသည့် တူရကီလူမျိုးတစ်ဦး ဖြစ်ပြီး ၈ ပေ ၂ လက်မ ရှိသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။