- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
မက္ကဆီကို လူဆိုးဂိုဏ်း ပဋိပက္ခအတွင်း ၁၉ ဦးထက်မနည်း သေဆုံး
မက္ကဆီကိုနိုင်ငံ၊ ချီဟွာဟွာပြည်နယ် မြောက်ပိုင်းတွင် လူဆိုးဂိုဏ်းဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားလိုက်သည်။
06 Apr 2020

မက္ကဆီကိုနိုင်ငံ၊ ချီဟွာဟွာပြည်နယ် မြောက်ပိုင်းတွင် လူဆိုးဂိုဏ်းဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် လူ ၁၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် ပြောကြားလိုက်သည်။
မာဒေရာဒေသ၌ ယခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
“မနေ့က မာဒေရာမြို့မှာ လက်နက်ကိုင်ပဋိပက္ခကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ အဲဒီအဖွဲ့တွေကို ရှာဖွေဖို့အတွက် မက္ကဆီကို ရဲတပ်ဖွဲ့၊ စစ်တပ်တို့နှင့်အတူ ပူးပေါင်းကာ ပြည်နယ်ရှေ့နေချုပ် ဦးဆောင် သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်နေပါတယ်” ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ သွေးထွက်သံယိုမှုသည် မက္ကဆီကို အကြီးဆုံး ရာဇဝတ်မှုဂိုဏ်း စင်နာလိုအာ ကာတဲလ် လက်အောက်ခံ ဂန်တီ နျူဗာအဖွဲ့မှ ကြေးစားလူသတ်သမားဟု ယူဆရသူများက မာဒေရာမြို့ပြင်လမ်းမကြီးတွင် ကားမောင်းသွားလာနေချိန် သောကြာနေ့ ညနေက ဖြစ်ပွားခဲ့ကြောင်း အစောပိုင်းသတင်းများအရ သိရသည်။ အဆိုပါနေရာတွင် ၎င်းတို့၏ရန်ဘက်ဖြစ်သော ဂျူအာရက်ဇ်ကာတဲလ်ဂိုဏ်း၏ လက်အောက်ခံ လာလင်နီယာ အဖွဲ့ဝင် များ၏ အလစ်ချောင်းမြောင်းတိုက်ခိုက်ခြင်းခံခဲ့ရသည်။
အာဏာပိုင်များမှ အခင်း ဖြစ်ပွားရာနေရာတွင် ပြောင်းရှည်သေနတ် ၁၈ လက်၊ ပစ္စတိုတစ်လက်၊ ယာဉ်နှစ်စီးနှင့် လက်ပစ်ဗုံးနှစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
မက္ကဆီကို အစိုးရသည် လာလင်နီယာကာတဲလ်ဂိုဏ်းအား ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မက္ကဆီကန်-အမေရိကန် မော်မွန် နွယ်ဝင် ၉ ဦးအား လူမဆန်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် ပြစ်တင်ရှုံ့ချခဲ့သည်။ ၎င်းတို့မှာ အမေရိကန် ပြည်ထောင်စုနှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိသော ချီဟွာဟွာ ပြည်နယ်နှင့် ဆိုနိုရာပြည်နယ်အကြား ကျေးလက်ဒေသ လမ်းမကြီးတွင် ခရီးသွားစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။