- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကာတာလေဆိပ်တွင် အမျိုးသမီးခရီးသည်များ ခန္ဓာကိုယ်စစ်ဆေးခံရမှု သြစတြေးလျပြစ်တင်ဝေဖန်
ကာတာနိုင်ငံ ဒိုဟာလေဆိပ်တွင် စွန့်ပစ်ခံရသောမွေးကင်းစကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ပြီးနောက် ဆစ်ဒနီ သို့ပျံသန်းမည့် လေယာဉ်ပေါ်တွင်ရှိနေသော အမျိုးသမီးခရီးသည်များ၏ ခန္ဓာကိုယ်တွင်း ရှာဖွေစစ်ဆေးခဲ့သည့် ကာတာအာဏာပိုင်များ၏ ပြုမူပုံအား သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချလိုက်သည်။
27 Oct 2020

ကာတာနိုင်ငံ ဒိုဟာလေဆိပ်တွင် စွန့်ပစ်ခံရသောမွေးကင်းစကလေးငယ်တစ်ဦးအား တွေ့ရှိခဲ့ပြီးနောက် ဆစ်ဒနီ သို့ပျံသန်းမည့် လေယာဉ်ပေါ်တွင်ရှိနေသော အမျိုးသမီးခရီးသည်များ၏ ခန္ဓာကိုယ်တွင်း ရှာဖွေစစ်ဆေးခဲ့သည့် ကာတာအာဏာပိုင်များ၏ ပြုမူပုံအား သြစတြေးလျအစိုးရက တနင်္လာနေ့တွင် ပြစ်တင်ရှုတ်ချလိုက်သည်။
အောက်တိုဘာလ ၂ ရက်နေ့က ဆစ်ဒနီသို့ပျံသန်းမည့် ကာတာလေကြောင်းလိုင်း လေယာဉ်အမှတ် ၉၀၈ ထွက်ခွာချိန်ကို ဆိုင်းငံ့ပြီးနောက် သြစတြေးလျနိုင်ငံသား အမျိုးသမီး ၁၃ ဦးအပါအဝင် အခြားအမျိုးသမီးများသည် ဟာမက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးခံခဲ့ရသည်။
ကာတာအာဏာပိုင်များအနေဖြင့် အမျိုးသမီးများအပေါ် ယခုကဲ့သို့ပြုမူခြင်းသည် မလျော်ကန်ကြောင်းနှင့် အမျိုးသမီးများအား ကြိုတင်၍အသိပေးကာ ၎င်းတို့၏ သဘောဆန္ဒရယူရန် လိုအပ်သည့်အခြေအနေတစ်ရပ်ကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ဝေဖန်ခဲ့သည်။
“ဒီဖြစ်ရပ်မျိုးက ကျွန်မဘဝမှာတစ်ခါမှ မကြုံဖူးမကြားဖူးပါဘူး၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ပြောတာပါ။” ဟု နိုင်ငံခြားရေးဝန်ကြီး Marise Payne က သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါကိစ္စကို သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ကို အကြောင်းကြားထားကြောင်း ဝန်ကြီးက ဆိုသည်။ သို့ရာ တွင် ရဲတပ်ဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်သွားမည်ကို ရှင်းလင်းပြောကြားသွားခြင်းမရှိပေ။
စွန့်ပစ်ခံရသည့်ကလေးငယ်သည် မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်းနှင့် ကလေးငယ်အား လတ်တလောတွင် ဆေးဘက်ဆိုင်ရာနှင့် လူမှုရေးလုပ်သားများက ပြုစုစောင့်ရှောက်ထားကြောင်း လေဆိပ် တာဝန်ရှိများက အေပီသတင်းဌာနသို့ ပေးပို့သည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပြေးလမ်းပေါ်တွင် ရပ်ထားသော လူနာတင်ယာဉ်ပေါ်တွင် အမျိုးသမီးများအား စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း Seven Network News ကဆိုသည်။
အမျိုးသမီးများကို အသက်ကြီးငယ်မခွဲခြားဘဲ လေယာဉ်ပေါ်ကနေ ခေါ်ထုတ်သွားကြောင်း အဆိုပါ လေယာဉ် နှင့်အတူ သြစတေးလျသို့ပြန်လာသည့် ဝုဖ်ဂန်းဘားဘက်က ဆိုသည်။
“သူတို့တွေရဲ့အတွင်းခံတွေ ဒါမှမဟုတ် ခန္ဓာကိုယ်အောက်ပိုင်း အဝတ်အစားတွေချွတ်ခဲ့ရတယ်၊ ပြီးရင် ကလေး မွေးခဲ့လားဆိုတာ စစ်ဆေးခံခဲ့ရတယ်လို့ ကျွန်တော့်ကိုပြောကြတယ်” ဟု ဘားဘက်က ပြန်ပြောပြသည်။
တနင်္လာနေ့က အေပီ၏ မေးမြန်းချက်ကို ကာတာလေကြောင်းလိုင်းနှင့် ကာတာအစိုးရတို့မှ ဖြေကြားခြင်း မရှိပေ။
အရှေ့အလယ်ပိုင်းနိုင်ငံ အများစု ကဲ့သို့ပင် ကာတာနိုင်ငံတွင် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံခြင်းသည် ရာဇဝတ်မှုမြောက်သည်။ ယခင်က အမျိုးသမီးရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့၏ ကိုယ်ဝန်ဆောင်မှုကို ဖုံးကွယ်ထားကြပြီး နိုင်ငံပြင်ပသို့ ခရီးသွားကာ ကလေးမွေးဖွားရန် ကြိုးပမ်းလေ့ရှိခဲ့ကြသည်။ ကျန်အမျိုးသမီးများ မှာမူ အကျဉ်းကျခံရမည်စိုးသဖြင့် မွေးကင်းစကလေးငယ်များကို တိတ်တဆိတ် စွန့်ပစ်လေ့ရှိကြသည်။