- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကမ္ဘာတစ်ဝန်း မျောက်ကျောက်ကူးစက်မှု ၇၀၀ ကျော်ပြီဟု အမေရိကန် CDC ထုတ်ပြန်
ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်မှု စုစုပေါင်းသည် ၇၀၀ ကျော်သွားပြီဟု သိရှိထားကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က ဇွန်လ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
04 Jun 2022

DMG ၊ ဇွန် ၄
ကမ္ဘာတစ်ဝန်းတွင် လက်ရှိအချိန်အထိ မျောက်ကျောက်ရောဂါကူးစက်မှု စုစုပေါင်းသည် ၇၀၀ ကျော်သွားပြီဟု သိရှိထားကြောင်း အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က ဇွန်လ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
လတ်တလောတွင် အမေရိကန်နိုင်ငံတွင်း၌ ကူးစက်မှုစုစုပေါင်း ၂၁ ခုရှိနေပြီး ကူးစက်မှုအများစုမှာ လိင်တူဆက်ဆံမှု ပြုလုပ်ခဲ့သော အမျိုးသားများဖြစ်ကာ မကူးစက်မီ ခရီးသွားခဲ့သူအချို့လည်း ပါဝင်ကြောင်း CDC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူနာအားလုံးသည် ပြန်လည်ကောင်းမွန်နေပြီဖြစ်ကာ သေဆုံးသူမရှိပေ။
မျောက်ကျောက်ရောဂါသည် ရေကျောက်ရောဂါနှင့် ပုံစံတူသည့် ရောဂါတစ်မျိုးဖြစ်သော်လည်း ဖြစ်လေ့ဖြစ်ထနည်းသည်။ ရေဂောျာက်ကဲ့သို့ မပြင်းထန်ဘဲ အင်ပျဉ်ထခြင်း၊ အဖျားတက်ခြင်း၊ ယားယံခြင်းနှင့် အခြားလက္ခဏာများ ဖြစ်လေ့ရှိသည်။
အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် တွေ့ရများပြီး မေလမှစတင်၍ ဥရောပတွင် တွေ့ရှိခဲ့ရကာ နောက်ပိုင်းတွင် အရေအတွက် ပိုများလာခြင်းဖြစ်သည်။
လက်ရှိကူးစက်မှုများသည် ဥရောပရှိ လိင်တူဆက်ဆံသူများနှင့် ပတ်သက်သည့် ပွဲလမ်းသဘင်များနှင့် ဆက်စပ်နိုင်ခြေရှိသော်လည်း မျောက်ကျောက်ရောဂါကို လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဟု မယူဆကြသလို မျောက်ကျောက်အနာရှိသူများနှင့် အရေပြားချင်း ထိတွေ့မှုကြောင့် ကူးစက်ခြင်းမှာ အများဆုံးဖြစ်သည်။