- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်သည့် မဟာသီယာကို မလေးဘုရင်က ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေး
မလေးရှားနိုင်ငံ၏လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် တနင်္လာနေ့တွင် ရာထူးမှ နှုတ်ထွက်စာကို ဘုရင်ထံ တင်သွင်းခဲ့ရာ ဘုရင်ဖြစ်သူက နှုတ်ထွက်မှုကိုလက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်သစ်မရွေးချယ်ရသေးမီထိ ၎င်းကိုပင် ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေးအပ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
25 Feb 2020

မလေးရှားနိုင်ငံ၏လက်ရှိဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် တနင်္လာနေ့တွင် ရာထူးမှ နှုတ်ထွက်စာကို ဘုရင်ထံ တင်သွင်းခဲ့ရာ ဘုရင်ဖြစ်သူက နှုတ်ထွက်မှုကိုလက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်သစ်မရွေးချယ်ရသေးမီထိ ၎င်းကိုပင် ယာယီဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ပေးအပ်လိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်မဟာသီယာသည် သူ၏နေရာကိုဆက်ခံရန်လျာထားခန့်အပ်ထားပြီးဖြစ်သော အန်ဝါအေဘရာဟင် မပါဝင်ဘဲ ညွှန့်ပေါင်းအဖွဲ့အသစ်တစ်ဖွဲ့ ဖွဲ့စည်းဖွယ်ရာရှိနေသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ ရာထူးမှနှုတ်ထွက် လိုက်ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်ရွေးကောက်ပွဲအနိုင်ရချိန်တွင် မဟာသီယာ၏ မဟာမိတ်ဖြစ်ခဲ့သော အန်ဝါအေဘရာဟင်က မဟာသီယာနှင့် သူ၏ပါတီသည် ၎င်းအပေါ်သစ္စာဖောက်ရန်ကြံစည်နေသည်ဟု တနင်္ဂနွေနေ့က စွပ်စွဲပြောကြားထားသည်။
ကမ္ဘာ့အသက်ကြီးဆုံးရွေးကောက်ခံခေါင်းဆောင်အဖြစ် စံချိန်တင်ထားသော အသက် ၉၄ နှစ်အရွယ် မဟာသီယာသည် အစိုးရရန်ပုံငွေများကို ဒေါ်လာသန်းနှင့်ချီအလွဲသုံးစားပြုမှုဖြင့် စွဲချက်တင်ခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို ဖြုတ်ချကာ ၂၀၁၈ ခုနှစ်တွင် အာဏာပြန်လည်ရရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မလေးရှားနိုင်ငံတွင် မည်သည့်ပါတီကမျှ အစိုးရဖွဲ့စည်းရန်လုံလောက်သောအမတ်နေရာ ရရှိထားခြင်း မရှိရာ ဝန်ကြီးချုပ်သစ် မည်သူဖြစ်လာမည်ကိုမူမခန့်မှန်းနိုင်သေးပေ။
အစိုးရအဖွဲ့အသစ်ဖွဲ့ရန် နိုင်ငံရေးခေါင်းဆောင်တစ်ဦးကို ဖိတ်ခေါ်သည်ဖြစ်စေ၊ ထိုသို့မလုပ်ဆောင်နိုင်၍ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကျင်းပသည်ဖြစ်စေ မလေးရှားနိုင်ငံ၏ စည်းမျဉ်းခံဘုရင်သည် အရေးပါသည့်အခန်းကဏ္ဍ မှ ပါဝင်လာမည်ဖြစ်သည်။
မစ္စတာမဟာသီယာသည် ဝန်ကြီးချုပ်အဖြစ်မှသာမက သူဥက္ကဌအဖြစ် ထမ်းဆောင်လျက်ရှိသော ဘာဆာတုပါတီမှလည်း နှုတ်ထွက်သွားခဲ့သည်။
မဟာသီယာမိုဟာမက်သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မလေးရှားနိုင်ငံရေးလောက အပေါ်သြဇာလွှမ်းမိုးမှုကြီးမားသူတစ်ဦးဖြစ်သည်။