- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
အမေရိကအလယ်ပိုင်းတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအသစ်များမရှိလျှင် ရွှေ့ပြောင်းအခြေချမှုများ လျော့နည်းသွားမည်မဟုတ်ဟု မက္ကဆီကိုသတိပေး
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြောက်ပိုင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာမှု လျော့နည်းလာရန် မျှော်လင့်သည်ဆိုပါက အမေရိကအလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟု မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘရက်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
18 Oct 2021

DMG ၊ အောက်တိုဘာ ၁၈
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြောက်ပိုင်းသို့ ရွှေ့ပြောင်းဝင်ရောက်လာမှု လျော့နည်းလာရန် မျှော်လင့်သည်ဆိုပါက အမေရိကအလယ်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အများအပြား ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟု မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘရက်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
“အမေရိကအလယ်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သည်”ဟု ရွှေ့ပြောင်းလုပ်သား များအတွက် အတားအဆီးများ ကြုံတွေ့ရမှုအပေါ်အမြင်ကို မေးမြန်းသည့် မက္ကဆီကိုရေဒီယို အစီအစဉ်တစ်ခုတွင် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အက်ဘရက်က ပြောကြားလိုက်ခြင်းဖြစ်သည်။
မက္ကဆီကိုမှ အမေရိကန်သို့ ယခုနှစ်တွင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားအရေအတွက် စံချိန်တင် များပြားလာရခြင်းသည် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါအခြေပြုပြီး စီးပွားရေးကျဆင်း လာခြင်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ပိုမို ဖြေလျှော့ပေးနိုင်သည်ဟူသော မျှော်လင့်ချက်တို့ကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
သမ္မတဘိုင်ဒန်သည် အမေရိကအလယ်ပိုင်းတွင် ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုများနှင့် အကျင့်ပျက်ခြစားမှုများကို လျှော့ချရန် လုပ်ဆောင်ပေးခြင်းဖြင့် ရွှေ့ပြောင်း အခြေချခြင်း၏ နောက်ကွယ်အကြောင်းရင်းများကို အာရုံစိုက်သွားမည်ဟု ကတိပြုထားသည်။
“ခုလိုအခြေအနေမှာ အမေရိကန်အနေနဲ့ အလယ်ပိုင်းဒေသမှာ ရင်းနှီးမြှုပ်နှံမှု အသစ်တွေနဲ့ ပံ့ပိုးကူညီမပေးဘူးဆိုရင် ခုကြုံနေတဲ့ ရွှေ့ပြောင်းလုပ်သား စီးဆင်းမှု ပျောက်ကွယ်သွားဖို့ မျှော်လင့်လို့မရပါဘူး” ဟု အက်ဘရက်က ဆိုသည်။
အမေရိကန်အနေဖြင့် မြောက်ပိုင်းတြိဂံဒေသ နိုင်ငံများဖြစ်သည့် ဂွါတီမာလာ၊ အယ်ဆာဗေးဒေါနှင့် ဟွန်ဒူးရပ်စ်တို့တွင် ပြည်ပအကူအညီ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ကို လွန်ခဲ့သည့်နှစ်များတွင် ပေးအပ်ထားကြောင်း ဘိုင်ဒန်သည် မက္ကဆီကိုသမ္မတ အန်ဒရေ မန်နျူရယ် လိုပတ်ဇ် အော်ဘရာဒေါထံ မကြာသေးခင်က ပေးပို့ခဲ့သည့်စာတစ်စောင်တွင် ရေးသားခဲ့သည်။
သမ္မတဘိုင်ဒန်သည် အမေရိကအလယ်ပိုင်းတွင် ငွေကြေးအထောက်အပံ့များ ခွဲဝေကူညီနိုင်ရန် အမေရိကန်အထက်လွှတ်တော်တွင် ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၈၆၁ သန်း ထပ်မံခွင့်ပြုပေးရန် တင်ပြတောင်းခံထားကြောင်းလည်း အဆိုပါစာတွင် ပါရှိသည်။