- AA ထိန်းချုပ်ဒေသတွင် ဒုစရိုက်မှု တိုးလာ၊ ကျူးလွန်သူထဲတွင် အသက်မပြည့်သေးသူများ ပါဝင်နေ
- ၂၀၂၄ ရွေးကောက်ပွဲ ဘိုင်ဒန်ဝင်ပြိုင်မည့် အစီအစဉ် "အဆင်အခြင်မဲ့လုပ်ရပ်" ဟု ကာမာလာဟဲရစ် ဝေဖန်
- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
မြန်မာ-အိန္ဒိယ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်
မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Sep 2019

မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်လုံခြုံရေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကိစ္စရပ်များ ဆောင်ရွက်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
(၂၄) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နယ်စပ်အာဏာပိုင်များ၏ ဒေသအဆင့်အစည်းအဝေးကို တနင်္လာနေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းဝေးတွင် နှစ်နိုင်ငံနယ်နိမိတ် စီမံခန့်ခွဲရေးကိစ္စ၊ နှစ်နိုင်ငံအကျဉ်းသားများဆိုင်ရာ ကိစ္စ၊ တောရိုင်းတိရစ္ဆာန် မှောင်ခို ကူးသန်းရောင်းဝယ်မှုနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာဆိုင်ရာ ကိစ္စနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦးနှင့် အိန္ဒိယဘက်မှ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပူးတွဲအတွင်းဝန် မစ္စတာ Shri Satyendra Garg တို့ ဦးဆောင်တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်များ၏ ဒေသအဆင့် အစည်းအဝေးကို ၁၉၉၄ ခုနှစ်တည်းက မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် တစ်လှည့်စီကျင်းပခဲ့ရာ ယခု (၂၄) ကြိမ်မြောက်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။