- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ဆားစ်ရောဂါကူးစက်စဉ်ကထက် ကျော်လွန်မြင့်တက်
ကမ္ဘာတဝန်း ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်သည် ၂၀၀၃ ခုနှစ်က ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ သည့် ဆားစ် (SARS) ရောဂါကူးစက်ခံခဲ့ရသူ အရေအတွက်ထက် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျော်လွန်မြင့်တက်သွားပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
31 Jan 2020

ကမ္ဘာတဝန်း ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်သည် ၂၀၀၃ ခုနှစ်က ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်သို့ ကူးစက်ပျံ့နှံ့ခဲ့ သည့် ဆားစ် (SARS) ရောဂါကူးစက်ခံခဲ့ရသူ အရေအတွက်ထက် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျော်လွန်မြင့်တက်သွားပြီ ဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဝူဟန်ဗိုင်းရပ်စ်ကဲ့သို့ပင် အဆုတ်ရောင်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သော ဆားစ် ရောဂါကူးစက်ပျံ့နှံ့ခဲ့မှုဖြစ်စဉ်အတွင်း ကူးစက်ခံခဲ့ရသူ စုစုပေါင်းမှာ တရားဝင်ထုတ်ပြန်ချက်များအရ ၈၁၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာလကမှ တရုတ် နိုင်ငံတွင်စတင်ပေါ်ပေါက်လာခဲ့သော ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာမူ လက်ရှိအချိန်မှာပင် ကူးစက်ခံရသူ ၁၀၀၀၀ နီးပါး အထိရောက်ရှိနေပြီဖြစ်သည်။
သေဆုံးသူအရေအတွက်တွင်မူ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းမှာ လက်ရှိအချိန်ထိ ၂၁၃ ဦးသာ ရှိသေးပြီး ၎င်းတို့အားလုံးမှာ တရုတ်နိုင်ငံအတွင်းမှဖြစ်ကာ SARS ရောဂါကြောင့်သေဆုံးခဲ့ရသူစုစုပေါင်းမှာ ၇၇၄ ဦးအထိရှိခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှစတင်သော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (ခေါ်) ဝူဟန်ဗိုင်းရပ်စ်သည် လူအချင်းချင်း ဆက်လက်ကူးစက်နိုင်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ယင်းဗိုင်းရပ်ကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံမဟုတ်သော အခြားနိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများမှာ ဟူဘေးခရိုင်ရှိ ဝူဟန်မြို့သို့ ရောက်ရှိခဲ့သူများ ဖြစ်သော်လည်း ဂျာမနီ၊ ဂျပန်၊ ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ လူနာများမှာမူ တရုတ်နိုင်ငံသို့ခရီးသွားခဲ့သူထံမှ တစ်ဆင့်ကူးစက်ခံရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီးနောက် ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ခြင်းဖြစ်သည်။

ဆားစ်ဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်ကူးစက်ခံရသူတိုင်းတွင် ရောဂါလက္ခဏာများ ထင်ထင်ရှားရှားပြသသော်လည်း ဝူဟန်ဗိုင်းရပ်စ်မှာမူ ကူးစက်ခံရသူ ၅ ဦးတွင် ၁ ဦးခန့်တွင်သာ ရောဂါလက္ခဏာ ထင်ထင်ရှားရှားပြသသည်ဟု ခန့်မှန်းရသည်။
ထို့ကြောင့် ဆားစ်ဗိုင်းရပ်စ်ကူးစက်စဉ်က ဗိုင်းရပ်စ်ကူးစက်ခံထားရသူများကို အလွယ်တကူသိရှိနိုင်ပြီး ထိန်းချုပ်ရေး အစီအမံများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခု ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှုတွင်မူ ကူးစက်ခံထားရသူများ အားလုံးကို ဖော်ထုတ်သိရှိနိုင်ရန် ခက်ခဲလျက်ရှိပြီး ထိန်းချုပ်ရေးအစီအမံများ လုပ်ဆောင်ရာတွင်လည်း အကန့်အသတ်များ ရှိနေကာ ကူးစက်မှု ပိုမိုလျင်မြန်နေခြင်းဖြစ်သည်ဟု ပညာရှင်များက ယူဆထားသည်။