- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
တရုတ်မှာ ကားအစီး ၅၀ ခန့် ဆင့်ကဲတိုက်မိပြီး ၁၆ ဦးသေ၊ အများအပြား ဒဏ်ရာရ
တရုတ်ပြည်အလယ်ပိုင်း ဟူနယ်ပြည်နယ်ရှိ အဝေးပြေးလမ်းမ တစ်နေရာတွင် ကားအစီး ၅၀ ခန့် ဆင့်ကဲတိုက်မိသဖြင့် ၁၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
06 Feb 2023
တရုတ်ပြည်အလယ်ပိုင်း ဟူနယ်ပြည်နယ်ရှိ အဝေးပြေးလမ်းမ တစ်နေရာတွင် ကားအစီး ၅၀ ခန့် ဆင့်ကဲတိုက်မိသဖြင့် ၁၆ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ မတော်တဆမှုကို အစိုးရပိုင် People Daily ရုပ်သံက ဗီဒီယိုဖိုင် ဖော်ပြခဲ့ရာ၌ ထရပ်ကား အများအပြား မီးလောင်ကျွမ်းနေသည်ကို တွေ့ရသလို ကြေမွသွားသော ကားများ၊ ပက်လက်လန်သွားသော ကားများလည်း တွေ့ရသည်။ မီးလောင်ပျက်စီးသွားသော ကားများမှ မီးခိုးများလည်း အူထွက်နေသည်ကို တွေ့ရသည်။
ဒဏ်ရာရသူ စုစုပေါင်း ၆၆ ဦးရှိသည်ဟု ယာဉ်ထိန်းရဲ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ဒဏ်ရာရသူတွေကို ဆေးကုသမှုခံယူဖို့ ဆေးရုံကိုသယ်သွားပါပြီ၊ ဒဏ်ရာ အတော်လေးပြင်းထန်တဲ့ လူနာလည်း ၈ ဦးရှိပါတယ်” ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။
ချန်းရှာမြို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှုကို ကူညီရန် ကယ်ဆယ်ရေးဝန်ထမ်း ၁၈၀ ဦးအထိ စေလွှတ်ခဲ့သည်ဟု People Daily သတင်းဌာနက ပြောကြားသည်။
မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တင်ပြထားကြောင်း တရုတ် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
တရုတ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ထိန်းသိမ်းဆောင်ရွက်မှုများ အားနည်းသဖြင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၈ ရက်နေ့က တရုတ်ပြည် ကျန်ကျိုးမြို့တွင် အဝေးပြေးလမ်းမပေါ်၌ ယာဉ်စီးရေ ၂၀၀ ခန့် ဆင့်ကဲတိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့သည်။ စက်တင်ဘာလအတွင်းကလည်း ကွေ့ကျိုးပြည်နယ်၌ ကိုဗစ်-ကွာရန်တင်း ဝင်မည်သူများကို သယ်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၇ ဦး သေဆုံးခဲ့သည်။