- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အိုမီခရွန်ကြောင့် နစ်နာခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ယူကေအစိုးရ ပေါင် ၁.၃ ဘီလျံ ထောက်ပံ့မည်
အိုမီခရွန်မျိုးကွဲ ထိန်းချုပ်ရေးအတွက် အစိုးရ၏ ကျန်းမာရေးသတိပေးချက်များကြောင့် ခရစ္စမတ်ကာလတွင် နစ်နာဆုံးရှုံးမှုများ ရှိရသည်ဟု စောဒကတက်နေကြသည့် စီးပွားရေးလုပ်ငန်းများအား ဗြိတိန်အစိုးရက စတာလင်ပေါင် ၁ ဘီလျံနှင့် အခြားအထောက်အပံ့များ ပေးအပ်မည်ဟု ကြေညာလိုက်သည်။
23 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၃
အိုမီခရွန်မျိုးကွဲ ထိန်းချုပ်ရေးအတွက် အစိုးရ၏ ကျန်းမာရေးသတိပေးချက်များကြောင့် ခရစ္စမတ်ကာလတွင် နစ်နာဆုံးရှုံးမှုများ ရှိရသည်ဟု စောဒကတက်နေကြသည့် စီးပွားရေးလုပ်ငန်းများအား ဗြိတိန်အစိုးရက စတာလင်ပေါင် ၁ ဘီလျံနှင့် အခြားအထောက်အပံ့များ ပေးအပ်မည်ဟု ကြေညာလိုက်သည်။
ယခုကြေညာချက်အရ အင်္ဂလန်ရှိ အများပြည်သူ ဧည့်ခံရေးနှင့် အပန်းဖြေရေး ကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများသည် ထောက်ပံ့ငွေ ပေါင် ၆၀၀၀ ခန့်အထိ ရရှိကြမည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိုမီခရွန်ကြောင့် ကူးစက်မှု တဟုန်ထိုးမြင့်တက်လာသည့်အတွက် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးနစ်နာမှု ရှိခဲ့သည့် ဒေသများရှိ ပြည်နယ်အစိုးရများအတွက်လည်း နောက်ထပ် ပေါင် သန်း ၁၀၀ ထောက်ပံ့ပေးမည် ဖြစ်သည်။
အစိုးရ၏ ထောက်ပံ့မှုအပေါ် စီးပွားရေးလုပ်ငန်း အုပ်စုများက ကြိုဆိုကြသော်လည်း အများစုကမူ ယခုလုပ်ရပ်သည် ဖြေရှင်းမှုပုံစံ ဘောင်ကျဉ်းပြီး အကယ်၍သာ ကိုဗစ်ကူးစက်မှု ပိုမြင့်တက်ခြင်းနှင့် အစိုးရက ကန့်သတ်ချက်များ ထပ်တိုးထုတ်ပြန်ခြင်းများ ရှိလာပါက ထောက်ပံ့မှုအကူအညီများ ထပ်မံ၍ လိုအပ်ဦးမည်ဟု ပြောကြသည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မိမိအနေဖြင့် ခရစ္စမတ်မတိုင်မီတွင် မည်သည့် တားမြစ်ကန့်သတ်ချက် အသစ်ကိုမျှ စည်းကမ်းထုတ်မည် မဟုတ်ကြောင်း ပြောကြားထားသည်။ သို့သော်လည်း အိုမီခရွန်ကူးစက်မှုသာ ပိုမိုမြင့်တက်လာမည် ဆိုပါက ခရစ္စမတ်နောက်ပိုင်းတွင် စည်းကမ်းအသစ်များ ထုတ်ပြန်နိုင်ကြောင်းလည်း သူက ပြောသည်။
ယူကေတွင် အိုမီခရွန်ကူးစက်မှု မြင့်တက်လာနေသည့်အတွက် လူထုက ပွဲလမ်းသဘင်များကို ရှောင်ရှားပြီး အလုပ်သမားများသည်လည်း သီးသန့်ခွဲနေရရာက ဝန်ထမ်း ပြတ်လပ်မှုများ ပေါ်ပေါက်ကာ ခရစ္စမတ်ကာလတွင် ဈေးဆိုင်အများအပြားမှာ ပိတ်ထားရသလို ကဇာတ်ရုံများနှင့် ပြတိုက်များသည်လည်း ပိတ်ထားရသည်။
လတ်တလော၌ ယူကေတွင် အိုမီခရွန်ကြောင့် တစ်ပတ်အတွင်း ကိုဗစ်ကူးစက်နှုန်းသည် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။