- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကမ္ဘာ့အလယ်တွင် နိုင်ငံ၏ပုံရိပ်ကို ပြန်လည်ပြုပြင်ယူမည်ဟု သြစတြေးလျ ရွေးကောက်ခံဝန်ကြီးချုပ် ကတိပြု
တိုကျိုထိပ်သီးအစည်းအဝေးအတွက် အချိန်မီ အစိုးရဖွဲ့ရန် အပြေးအလွှား ကြိုးပမ်းလျက်ရှိသည့် ရွေးကောက်ခံဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နိစ်သည် ဩစတြေးလျ၏ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်နှင့် ဥတုရာသီ ထိန်းသိမ်းရေးတွင် အမြဲတမ်းလေးဖင့်သောနိုင်ငံအဖြစ် သတ်မှတ်ခံနေရသည့် အမည်ပျက်ကို ဖယ်ရှားပစ်ရန် ကတိပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 May 2022

DMG ၊ မေ ၂၅
တိုကျိုထိပ်သီးအစည်းအဝေးအတွက် အချိန်မီ အစိုးရဖွဲ့ရန် အပြေးအလွှား ကြိုးပမ်းလျက်ရှိသည့် ရွေးကောက်ခံဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘန်နိစ်သည် ဩစတြေးလျ၏ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန်နှင့် ဥတုရာသီ ထိန်းသိမ်းရေးတွင် အမြဲတမ်းလေးဖင့်သောနိုင်ငံအဖြစ် သတ်မှတ်ခံနေရသည့် အမည်ပျက်ကို ဖယ်ရှားပစ်ရန် ကတိပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အယ်လ်ဘန်နိစ်သည် ဆယ်စုနှစ်တစ်ခုကြာ ဆက်တိုက် ကွန်ဆာဗေးတစ်အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်ခဲ့သော အောင်ပွဲရရှိခဲ့ကာ သြစတြေးလျအတွက် အပြန်အလှန်ထောက်ပြမှု နည်းပါးသောနိုင်ငံရေးကို ပြိုလဲစေခဲ့၍ ပိုမိုတရားမျှတပြီး ပိုမိုစိမ်းလန်းသော ခေတ်ကို ညွှန်ပြခဲ့သည်။
အလုပ်သမားပါတီခေါင်းဆောင် ဖြစ်သည့် အသက် ၅၉ နှစ်အရွယ် အယ်လ်ဘန်နိစ်က စနေနေ့ ရွေးကောက်ပွဲသည် သူ့ဘဝ၏ “ကြီးမားတဲ့ အခိုက်အတန့်” ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အဆိုပါအခိုက်အတန့်အား “နိုင်ငံအတွက်လည်း ကြီးမားတဲ့ အခိုက်အတန့်” ဖြစ်စေချင်ခဲ့သည်ဟု အလေးအနက် ပြောကြားသည်။
သူ၏အလုပ်သမားပါတီသည် လွှတ်တော်တွင် အများစုကို အုပ်ချုပ်ခွင့်ရနိုင်မည်လား သို့မဟုတ် ဥတုရာသီထိန်းသိမ်းရေးကို ဦးစားပေးသည့် လွတ်လပ်သော အဖွဲ့အစည်းများထံမှ အကူအညီ လိုအပ်မည်လားကို စောင့်ကြည့်နေခဲ့ရချိန်တွင် အယ်လ်ဘန်နိစ်က “ကျွန်တော် နိုင်ငံကို အမှန်တကယ်ပြောင်းလဲပေးချင်တယ်” ဟု ပြောကြားခဲ့သည်။
တစ်ငွေ့ငွေ့လောင်ကျွမ်းနေသော ယူကလစ်သစ်တောများ၊ မီးခိုးမြူများဖုံးလွှမ်းနေသော မြို့များနှင့် အရောင်အဆင်းမဲ့နေသော သန္တာကျောက်တန်းများ၏ ရုပ်ပုံများသည် ဩစတြေးလျကို ဥတုရာသီပျက်စီးစေရန်အတွက် လောင်စာဖြည့်တင်းပေးနေသော ပြယုဂ်တစ်ခုအဖြစ် ဖော်ပြလျက်ရှိသည်။
ကွန်ဆာဗေးတစ် အုပ်ချုပ်ရေးအောက်တွင် ကမ္ဘာ့အကြီးဆုံး ဓာတ်ငွေ့နှင့် ကျောက်မီးသွေး တင်ပို့ရောင်းချသူများထဲမှ တစ်နိုင်ငံဖြစ်နေသည့် သြစတြေးလျသည် နိုင်ငံတကာ ဥတုရာသီ ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအား ရှေ့မရောက်စေသည့် နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။