- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ပုပ်ရဟန်းမင်းကြီး အီရတ်သို့သွားမည်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အီရတ်သို့ ပထမဆုံး ခရီးစဉ်အဖြစ် မတ်လ ၅ ရက် သောကြာနေ့တွင် အလည်အပတ် သွားရောက်မည် ဖြစ်သည်။ ယခုခရီးစဉ်သည် တစ်စစ လျော့ပါးလာနေသည့် ခရစ်ယာန်အသိုင်းအဝိုင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် လုပ်ရပ်တစ်ခု ဖြစ်သလို မွတ်ဆလင်များနှင့် လက်ချင်းဆက် ငြိမ်းချမ်းရေးအတွက် သင်္ကေတတစ်ရပ်လည်း ဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
03 Mar 2021

အီရတ်တွင် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခ၊ ကိုဗစ်ရောဂါ ဒုတိယလှိုင်းနှင့် တစ်ကျော့ပြန် မြင့်တက်လာသည့် အကြမ်းဖက်မှုများ ရှိနေချိန် ပုပ်ရဟန်းမင်းကြီး၏ ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး၊ လုံခြုံရေးအဖွဲ့နှင့် သတင်းသမား ၇၅ ဦးတို့သည် ဘဂ္ဂဒက်မြို့သို့ သောကြာနေ့နံနက်တွင် ရောက်ရှိမည်ဖြစ်သည်။
အီရတ်နိုင်ငံတွင် ရှိနေသည့် ခရစ်ယာန်များသည် ကမ္ဘာရှေးအကျဆုံး ခရစ်ယာန်ဘာသာဝင်များတွင် ပါဝင်သည်။ အီရတ်တွင် ခရစ်ယာန်များအား အပြင်းအထန် နှိပ်ကွပ်မှုကြောင့် ၂၀၀၃ ခုနှစ်၌ ခရစ်ယာန် ၁ သန်းခွဲရှိခဲ့ရာမှ လက်ရှိတွင် ၄ သိန်းခန့်သာ ကျန်ရှိတော့ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။