- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
သွေးမြေကျမှုအောင် နှိမ်နင်းမှုများ ရပ်တန့်ပေးရန် ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးမြေကျမှုများ ရပ်တန့်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။
18 Mar 2021

DMG ၊ မတ် ၁၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးမြေကျမှုများ ရပ်တန့်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗုဒ္ဓဟူးနေ့တွင် မေတ္တာရပ်ခံလိုက်သည်။
အပတ်စဉ်ပြုလုပ်နေကျ လူထုတွေ့ဆုံပွဲ အပြီးတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အကြမ်းဖက်မှုများ ငြိမ်းအေးစေရေးတွင် မြန်မာနိုင်ငံ၏ လမ်းမများပေါ်တွင် ဒူးထောက်ပြီး ပြောကြားလိုကြောင်း၊ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန် မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းပြီး ပြောကြားပါကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
“သွေးထွက်သံယိုမှုဖြင့် မည်သည့်ကိစ္စရပ်များကိုမှ ဖြေရှင်း၍ မရနိုင်ကြောင်း၊ တွေ့ဆုံဆွေးနွေးစေလိုကြောင်း” လည်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာရယှုမှုနောက်ပိုင်း ဆန္ဒပြသူများအား နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်း ၂၀၀ ကျော်သွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။