- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူ မြန်မာမာလူငယ်များအား ပုပ်ရဟန်းမင်းကြီး ချီးကျူး
မြန်မာနိုင်ငံတစ်ဝန်း ဒီမိုကရေစီ အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော လူငယ်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အီစတာပွဲတော်အတွင်း ချီးကျူးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Apr 2021

DMG ၊ ဧပြီ ၅
မြန်မာနိုင်ငံတစ်ဝန်း ဒီမိုကရေစီ အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသော လူငယ်များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အီစတာပွဲတော်အတွင်း ချီးကျူးလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စိန့်ပီတာဘာစီလီကာ ဘုရားကျောင်းတွင် တနင်္ဂနွေနေ့က ကျင်းပသည့် အီစတာပွဲတော်နေ့၌ ပုပ်ရဟန်းမင်းကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးက မြန်မာလူငယ်များအား အမုန်းတရားအား ချစ်ခြင်းမေတ္တာဖြင့်သာ လွင့်ပြယ်စေမည် ဟူသည့်အသိဖြင့် မိမိတို့၏ ဆန္ဒများကို ငြိမ်းချမ်းစွာထုတ်ဖော်ကာ ဒီမိုကရေစီအတွက် ထောက်ခံလှုပ်ရှားနေကြသူများ ဟု ရည်ညွှန်းပြောကြားခဲ့သည်။
အီစတာပွဲတော်နေ့၌ ကြက်ဥများကို အလှဆင်ပြီး ဆန္ဒထုတ်ဖော်မှုသည် မြန်မာလူငယ်များအတွက် တော်လှန်မှုသင်္ကေတ တစ်ရပ် ဖြစ်လျက်ရှိပြီး ဆန္ဒပြသူများသည် ကြက်ဥများပေါ်၌ နိုင်ငံရေးတောင်းဆိုချက်များနှင့် သတင်းစကားများ ရေးသားကာ အများပြည်သူ နေအိမ်များရှေ့တွင် ဖြန့်ဝေခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံး နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာ ဧပြီလ ၃ ရက်နေ့အထိ ၅၅၇ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။