- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
ဖိလစ်ပိုင်တွင် ရိုင် တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၈ ဦး အထိရှိလာ
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်အတွင်း အင်အားအပြင်းဆုံးသော တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တရားဝင် မှတ်တမ်းတင်ထားသော သေဆုံးသူ ဦးရေသည် ၂၀၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
21 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၁
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်အတွင်း အင်အားအပြင်းဆုံးသော တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် တရားဝင် မှတ်တမ်းတင်ထားသော သေဆုံးသူ ဦးရေသည် ၂၀၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
မကြာသေးမီနှစ်များ အတွင်းက နိုင်ငံတွင်း ဖြစ်ပွားခဲ့သော သေကြေမှုအများဆုံး မုန်တိုင်းများထဲမှ တစ်ခုဖြစ်သည့် ရိုင် တိုင်ဖွန်းမုန်တိုင်းသည် ကျွန်းစုတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို ဆိုးဝါးစွာ ပျက်စီးစေခဲ့သည်။ မုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၂၃၉ ဦး ရှိပြီး ၅၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
ရိုင်မုန်တိုင်းသည် နိုင်ငံအတွင်းသို့ အထူးအားပြင်းမုန်တိုင်းအဖြစ် ကြာသပတေးနေ့က ပြင်းထန်စွာ ဝင်ရောက် တိုက်ခတ်ခဲ့သောကြောင့် လူပေါင်း ၃၀၀,၀၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များနှင့် ကမ်းခြေ အပန်းဖြေစခန်းများကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ မုန်တိုင်းသည် ကမ်းခြေဧရိယာများတွင် အစအနမကျန်အောင် သေကြေပျက်စီးမှု ဖြစ်စေခဲ့သည်ဟု ဖိလစ်ပိုင်ကြက်ခြေနီ အသင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
“အိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းနှင့် လူမှုအဆောက်အအုံများ တစ်စစီ ဖျက်ဆီးခံခဲ့ရသည်” ဟု ကြက်ခြေနီ ဥက္ကဌ ရစ်ချက်ဂေါ်ဒန်က ပြောကြားသည်။
မုန်တိုင်းကြောင့် အမိုးများလန်ကျခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ကွန်ကရစ် ဓာတ်အားတိုင်များ ပြိုလဲခြင်း စသည့် အချက်များသည် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော ဟိုင်ယန် အကြီးစားတိုင်ဖွန်း မုန်တိုင်းနှင့် ဆင်တူစေသကဲ့သို့ရှိသည်။
ဖိလစ်ပိုင်တွင် ယိုလန်ဒါဟု ခေါ်ကြသော ဟိုင်ယန်မုန်တိုင်းကြောင့် လူပေါင်း ၇,၃၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး နိုင်ငံတွင်း ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော မုန်တိုင်းအဖြစ် မှတ်တမ်းတင်ထားသည်။