- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ယီမင်စစ်ဆင်ရေး ဂရုထဲသို့ အိမ်ဖြူတော်က သတင်းထောက်တစ်ယောက်ကို မှားထည့်
ဒီမိုကရက်တစ် ဥပဒေပြုအမတ်များက ယခုကဲ့သို့ အမှားကျူးလွန်ကာ ပြောကြားလိုက်မှုများနှင့် စပ်လျဉ်း၍ ယခုလုပ်ရပ်မှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်မှုဖြစ်ကြောင်းနှင့် ကွန်ဂရက်လွှတ်တော်ဘက်က စုံစမ်းစစ်ဆေးရမည့် ဥပဒေချိုးဖောက်မှုဖြစ်ကြောင်း ချက်ချင်းပင် ပြစ်တင်ရှုတ်ချသွားခဲ့သည်။
25 Mar 2025

DMG ၊ မတ် ၂၅
ယီမင်နိုင်ငံရှိ အီရန်နှင့် မဟာမိတ်ပြုထားသော ဟူသီများကို အမေရိကန်ပြည်ထောင်စုဘက်က မတိုက်ခိုက်မီတွင် သတင်းထောက်တစ်ဦးအား စစ်ဆင်ရေးဆွေးနွေးမှု ဂရုထဲသို့ ထရမ့်အစိုးရအဖွဲ့၏ အရာရှိများက မှားယွင်းထည့်သွင်းခဲ့မိကြောင်း အိမ်ဖြူတော်က တနင်္လာနေ့ (မတ် ၂၄ ရက်နေ့) တွင် ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် ဥပဒေပြုအမတ်များက ယခုကဲ့သို့ အမှားကျူးလွန်ကာ ပြောကြားလိုက်မှုများနှင့် စပ်လျဉ်း၍ ယခုလုပ်ရပ်မှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးကို ချိုးဖောက်မှုဖြစ်ကြောင်းနှင့် ကွန်ဂရက်လွှတ်တော်ဘက်က စုံစမ်းစစ်ဆေးရမည့် ဥပဒေချိုးဖောက်မှုဖြစ်ကြောင်း ချက်ချင်းပင် ပြစ်တင်ရှုတ်ချသွားခဲ့သည်။
The Atlantic ၏ အယ်ဒီတာချုပ် ဂျက်ဖရီ ဂိုးလ်ဘတ်ဂျ်က ၎င်းသည် မတ်လ ၁၃ ရက်နေ့၌ "Houthi PC အသေးစားအုပ်စု (Houthi PC small group)"ဟု အမည်ပေးထားသည့် Signal Chat Group ဆီသို့ မမျှော်လင့်ဘဲ ဖိတ်ကြားခံခဲ့ရကြောင်း အစီရင်ခံစာတစ်စောင်တွင် တနင်္လာနေ့က ပြောကြားခဲ့သည်။
အဆိုပါ Chat Group ထဲတွင် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်က ၎င်း၏လက်ထောက်ဖြစ်သူ အဲလက်စ်ဝေါင် ကို ဟူသီသူပုန်များအပေါ် အမေရိကန်ပြည်ထောင်စု၏ အရေးယူဆောင်ရွက်မှုကို ညှိနှိုင်းဆောင်ရွက်ရန် "ကျားအဖွဲ့" ကို ဖွဲ့စည်းပေးခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယီမင်ရှိ ဟူသီသူပုန်များကို ပင်လယ်နီရှိ သင်္ဘောများကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မတ် ၁၅ ရက်နေ့က စစ်ရေး ပြင်းပြင်းထန်ထန် ဆင်နွှဲခဲ့ပြီး ဟူသီများ၏ အဓိကကျောထောက်နောက်ခံ ဖြစ်သော အီရန်ကိုလည်း ဟူသီအဖွဲ့ကို ထောက်ပံ့ပေးနေမှုများအား ချက်ချင်း ရပ်ဆိုင်းရန်လိုအပ်ကြောင်း ဒေါ်နယ်ထရမ့်က သတိပေးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများ မစတင်မီ နာရီပိုင်းအလို၌ ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဂျ်ဆက်သ် က "ပစ်မှတ်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ၊ အမေရိကန်ဘက်က တပ်ဖြန့်မည့် လက်နက်များနှင့် တိုက်ခိုက်မှု စိစစ်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ" အပါအဝင် စစ်ဆင်ရေး အသေးစိတ်အချက်အလက်များကို ဂရုထဲတွင် ရေးသားမျှဝေခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။