- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အီရန် နျူကလီးယား ဆွေးနွေးပွဲ နိုဝင်ဘာ ၂၉ တွင် ပြန်စမည်
ငါးလကြာရပ်ဆိုင်းနေခဲ့ပြီးနောက် နျူကလီးယား သဘောတူညီချက်ကို အသက်ပြန်သွင်းရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်ရန် အီရန်သည် ဗုဒ္ဓဟူးနေ့တွင် သဘောတူလက်ခံလိုက်သည်။ ထိုကဲ့သို့ လက်ခံလိုက်ခြင်းမှာ အမေရိကန်၏ အမြန်ဖြေရှင်းရန် တိုက်တွန်းချက်ကြောင့် ဖြစ်သည် ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Nov 2021

DMG ၊ နိုဝင်ဘာ ၆
ငါးလကြာရပ်ဆိုင်းနေခဲ့ပြီးနောက် နျူကလီးယား သဘောတူညီချက်ကို အသက်ပြန်သွင်းရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆွေးနွေးမှုများကို နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်ရန် အီရန်သည် ဗုဒ္ဓဟူးနေ့တွင် သဘောတူလက်ခံလိုက်သည်။ ထိုကဲ့သို့ လက်ခံလိုက်ခြင်းမှာ အမေရိကန်၏ အမြန်ဖြေရှင်းရန် တိုက်တွန်းချက်ကြောင့် ဖြစ်သည် ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗီယင်နာတွင် တစ်ဆင့်ခံ စေ့စပ်ညှိနှိုင်းမှုများသည် အီရန်အပေါ် ဖိအားများ ပိုမိုတိုးလာစေသည်။၎င်းအပြင် အနောက်နိုင်ငံများကလည်း အစ္စလာမစ်နိုင်ငံတော်၏ နျုကလီးယားစီမံကိန်းသည် အန္တရာယ်ရှိသော အဆင့်အထိ ရောက်ရှိနေပြီဖြစ်သလို အစ္စရေးကလည်း တိုက်ခိုက်ရန် ခြိမ်းခြောက်နေကြောင်း သတိပေးထားကြသည်။
ယခုနှစ် အစောပိုင်းတွင် ဆွေးနွေးပွဲ ၆ ခု ကို ဦးဆောင်ခဲ့ပြီး အခြေအနေတိုးတက်အောင် ကြိုးပမ်းရန် မကြာသေးမီက တီဟီရန်သို့သွားရောက်ခဲ့သည့် အီးယူသံတမန် အင်နရစ်ကီမိုရာသည် နိုဝင်ဘာ ၂၉ ရက်တွင်ကျင်းပမည့်အစည်းအဝေးတွင် သဘာပတိအဖြစ် ထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ က ကြေညာခဲ့သည်။
သမ္မတ ဂျိုးဘိုင်ဒန် အာဏာရလာပြီးနောက် ယခင်အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရပ်ဆိုင်းထားခဲ့သော ၂၀၁၅ သဘောတူညီချက်ကို ပြန်လည် အကောင်အထည်ဖော်မည်ဟု မျှော်လင့်ရသည်။
သို့သော်လည်း သဘောထားတင်းမာသည့် သမ္မတသစ် အီဘရာဟင်ရီစီ၏ ဇွန်လရွေးကောက်ပွဲအပြီးတွင် ခေတ္တရပ်ဆိုင်းရန် တောင်းဆိုခံခဲ့ရသော ယခုနှစ် အစောပိုင်း ဆွေးနွေးပွဲများသည် အီရန်နှင့် ပြဿနာအခက်အခဲများကို လုံခြုံစိတ်ချရအောင်အထိ မဖြေရှင်းနိုင်ခဲ့ပေ။
“အီရန်နိုင်ငံသားတွေကသာ တကယ်ပူးပေါင်းရင် အဲဒါကို အချိန်တိုအတွင်းမှာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟုအမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သတင်းထောက်များကို ပြောကြားသည်။
“ဒီလို ဆွေးနွေးမှု ဆိုင်းငံ့ထားတာကြောင့် အချိန်အတော်ကြာ နှောင့်နှေးစေခဲ့ပြီးပြီ ဒီအခွင့်အရေး တံခါးကိုလည်း နောင် အမြဲတမ်းဖွင့်ထားမှာ မဟုတ်ဘူး” ဟုလည်းသူက ထပ်လောင်းပြောဆိုခဲ့သည်။
အီရန်သည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းပေးရန်လိုလားသည်။ သို့ရာတွင် ဘိုင်ဒန်အစိုးရကမူ လူ့အခွင့်အရေးကဲ့သို့ အလေးထားစရာ သတ်မှတ်ထားသည့် အဆင့်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးမည်မဟုတ်ဘဲ ထရမ့် အရေးယူဆောင်ရွက်ထားသော စီမံချက်များအနက် ရေနံရောင်းချမှုကို တစ်ဖက်သတ်တားမြစ်ပိတ်ပင်ခြင်းကဲ့သို့သော လုပ်ရပ်မျိုးကိုသာ ညှိနှိုင်းလုပ်ဆောင် ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။