- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
နိုင်ငံတွင်းမှ ဖြတ်သွားသည့် ရုရှားဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရန် ယူကရိန်းဆုံးဖြတ်ချက် ဥရောပ အခက်ကြုံ
ယူကရိန်းနှင့် ရုရှားတို့သည် ၂၀၁၉ ခုနှစ်တွင် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ဥရောပသို့ ရုရှားထံမှ ဓာတ်ငွေ့တင်ပို့သည့် ပိုက်လိုင်းအား ယူကရိန်းပိုင်နက်ထဲမှ ဖြတ်သန်းခွင့်ကို ငါးနှစ်စာ သဘောတူညီခဲ့သည်။
02 Jan 2025

DMG ၊ ဇန်နဝါရီ ၁
ယူကရိန်းပိုင်နက်ထဲမှ ဖြတ်သန်းကာ ဥရောပသို့ တင်ပို့နေသည့် ရုရှားဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်လိုက်ရန် ယူကရိန်းက ဆုံးဖြတ်လိုက်သည့်အတွက် ဥရောပအရှေ့ပိုင်းတွင် အဆင်မပြေမှု အရိပ်အယောင်များ ရှိနေပြီဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းနှင့် ရုရှားတို့သည် ၂၀၁၉ ခုနှစ်တွင် သဘောတူညီချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီချက်အရ ဥရောပသို့ ရုရှားထံမှ ဓာတ်ငွေ့တင်ပို့သည့် ပိုက်လိုင်းအား ယူကရိန်းပိုင်နက်ထဲမှ ဖြတ်သန်းခွင့်ကို ငါးနှစ်စာ သဘောတူညီခဲ့သည်။
ယခုအခါ အဆိုပါ သဘောတူညီချက်သည် ၂၀၂၅ နှစ်သစ်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး ယူကရိန်းကလည်း ၎င်းတို့အပေါ် ရုရှားက ကျူးကျော်ထားသည့်အတွက် စာချုပ်ကို သက်တမ်းတိုးရန် ဆန္ဒမရှိဘဲ ဖြစ်နေသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲချိန်တည်းက ဥရောပသည် ရုရှားသဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းနေခဲ့သည်။ သို့သော်လည်း အရှေ့ဥရောပ နိုင်ငံ အများအပြားမှာ ၎င်းတို့၏ စွမ်းအင်လိုအပ်ချက်အတွက် ရုရှားအပေါ် မှီခိုနေရဆဲ ဖြစ်သည်။ ဤသို့မှီခိုရမှုက ကရင်မလင်အတွက် ဝင်ငွေတိုးစေမည် ဖြစ်ရာ ယူကရိန်းသမ္မတအဖို့ သဘောမကျစရာ ဖြစ်သည်။
သက်တမ်းမတိုးရန် ကိယက်ဗ်၏ ဆုံးဖြတ်ချက်ကြောင့် ယခုအခါ ဥရောပ အရှေ့ပိုင်းဒေသများတွင် အဆင်မပြေမှု အရိပ်အယောင်များ ရှိနေပြီဖြစ်သည်။ မော်ဒိုဗာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် အခြေအနေ ကြေညာထားရပြီး ဆလိုဗားကီးယားနိုင်ငံကလည်း ကိယက်ဗ်ကို လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်လျက်ရှိသည်။
ဥရောပတစ်တိုက်လုံးအတွက် ရုရှားက တင်ပို့နေသည့် ဓာတ်ငွေ့စုစုပေါင်း၏ သုံးပုံတစ်ပုံသည် ယူကရိန်းပြည်ထဲမှ ဖြတ်သန်းသွားခြင်း ဖြစ်သည်။
ယူကရိန်းတွင်းရှိ ပိုက်လိုင်းဘက်သို့ ရုရှားဓာတ်ငွေ့ စတင်ပို့လွှတ်သည့် အဓိကနေရာ၌ ဓာတ်ငွေ့အဝင်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သုညအထိ ကျဆင်းသွားပြီဖြစ်ကြောင်း ယူကရိန်း ဓာတ်ငွေတင်ပို့မှုအော်ပရေတာ (OGTSU) ၏ ထုတ်ပြန်ချက်အရ သိရသည်။