- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ရုရှားနှင့် မလေးရှားတို့ စီးပွားရေးဆက်ဆံမှု အရှိန်မြှင့်
ဗလာဒီဗော့စတော့မြို့တွင် ၂၀၁၅ ခုနှစ်က စတင်ကာ နှစ်စဉ်ကျင်းပခဲ့သော စီးပွားရေးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသည် ရုရှားအရှေ့ဖျား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သည်။
03 Dec 2024
DMG ၊ ဒီဇင်ဘာ ၃
ရုရှားသည် မလေးရှားနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကြီးအကျယ် မြှင့်တင်ဆောင်ရွက်နေကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားဝန်ကြီးများနှင့် တာဝန်ရှိသူများ ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မကြာသေးသောလများအတွင်းက မလေးရှားနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် အရှေ့ပိုင်းစီးပွားရေးဖိုရမ် (EEF) ကို တက်ရောက်ရန် ၎င်း၏မိတ်ဖက် ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ စက်တင်ဘာလ၌ ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ဗလာဒီဗော့စတော့မြို့တွင် ၂၀၁၅ ခုနှစ်က စတင်ကာ နှစ်စဉ်ကျင်းပခဲ့သော စီးပွားရေးခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသည် ရုရှားအရှေ့ဖျား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သည်။
ဗလာဒီဗော့စတော့တွင် မစ္စတာ အန်ဝါက ရုရှားကို “အဓိက မိတ်ဖက်” ဟုခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး နှစ်နိုင်ငံ အထူးဆက်ဆံရေးကို ထူထောင်ရန် အဆိုပြုခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှုများ ကြီးထွားလာခဲ့ပြီးသည့်နောက်တွင် စီးပွားရေးအရ ဆက်ဆံရေး ကြီးထွားလာခြင်းဖြစ်သည်။
ယမန်နှစ်က ရုရှားနိုင်ငံသို့ မလေးရှား၏ တင်ပို့ကုန်သည် ရှေ့တစ်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁၉ ဒသမ ၃ သန်းဖိုးအထိ ရှိခဲ့သည်။ မလေးရှားသို့ ရုရှား၏ပို့ကုန်သည် ၁၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၉ ဘီလျံဖိုး ရှိခဲ့သည်။