- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ရုရှားမှဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်တောက်ခြင်းကြောင့် ကျောက်မီးသွေး အသုံးပြုရန် ဂျာမနီဆုံးဖြတ်
ရှရှားမှ ဓာတ်ငွေ့ပို့လွှတ်မှုကျဆင်းခဲ့ပြီးနောက် ဂျာမနီသည် စွမ်းအင်ရရှိနိုင်မည့် အရင်းအမြစ်တစ်ခုအဖြစ် “ခါးသီးပေမယ့်လည်း မဖြစ်မနေလုပ်ရမည့်” ခြေလှမ်းတစ်ခုဟုဆိုရမည့် ကျောက်မီးသွေးလောင်စာ ထုတ်လုပ်ခြင်း အပါအဝင် စွမ်းအင်လိုအပ်ချက်များအတွက် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း အရေးပေါ် စီမံချက်များကို တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သည်။
21 Jun 2022

DMG ၊ ဇွန် ၂၁
ရှရှားမှ ဓာတ်ငွေ့ပို့လွှတ်မှုကျဆင်းခဲ့ပြီးနောက် ဂျာမနီသည် စွမ်းအင်ရရှိနိုင်မည့် အရင်းအမြစ်တစ်ခုအဖြစ် “ခါးသီးပေမယ့်လည်း မဖြစ်မနေလုပ်ရမည့်” ခြေလှမ်းတစ်ခုဟုဆိုရမည့် ကျောက်မီးသွေးလောင်စာ ထုတ်လုပ်ခြင်း အပါအဝင် စွမ်းအင်လိုအပ်ချက်များအတွက် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း အရေးပေါ် စီမံချက်များကို တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သည်။
“ဓာတ်ငွေ့အသုံးပြုမှု လျှော့ချဖို့ဆိုရင် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရာမှာ ဓာတ်ငွေ့လျှော့သုံးရမှာ ဖြစ်ပြီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အစားထိုးကာ ပိုမို အသုံးပြုထုတ်လုပ်မှာဖြစ်ပါတယ်” ဟု စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ရှရှားအစိုးရ၏ ဥရောပအနောက်ပိုင်းသို့ သဘာဝဓာတ်ငွေ့ပေးပို့သည့် ပိုက်လိုင်း စီးဆင်းမှုကို သိသိ သာသာပင် လျှော့ချလိုက်ခြင်းဖြင့် အနောက်ဘက်မဟာမိတ်များကို ဖိအားပေးခဲ့သည့်ဖြစ်ရပ်ပြီး နောက် ယခုကဲ့သို့ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။
ပိုက်လိုင်းပြုပြင်မှုလုပ်ငန်းများကြောင့် နော့စထရင်းမ်ပိုက်လိုင်းမှ ပို့လွှတ်မှုကို လျှော့ချခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် စွမ်းအင်ကော်ပိုရေးရှင်း ဂတ်စ်ပရွမ်က ဆိုသည်။ သို့တိုင်အောင် အီးယူတာဝန်ရှိသူများကမူ ရှရှားသည် ဖေဖော်ဝါရီလတွင် ယင်းတပ်ဖွဲ့ဝင်များ ကျူးကျော်မှုတစ်ခုစတင်ခဲ့သည့် ယူကရိန်းနိုင်ငံ၏ မဟာမိတ်နိုင်ငံများကို မှတ်သားလောက်အောင် ဆုံးမလိုက်သည်ဟု ထင်မြင်ယုံကြည်နေကြသည်။
ဂျာမနီ၏ ကျောက်မီးသွေးလောင်စာယာယီသုံးရန် ဆောင်ရွက်ခြင်းသည် အဓိပတိ အိုလာ့ဖ်ရှိုးဇ်၏ ဆိုရှယ်ဒီမိုကရက်၊ ဂရင်းနှင့် လစ်ဘရယ် ဖရီးဒီမိုကရက်ပါတီ ပေါင်းထားသည့် အာဏာရညွန့်ပေါင်းအစိုးရအတွက် မထင်မှတ်ထားသည့် အလှည့်အပြောင်း တစ်ခုဖြစ်လာနိုင်သည်။ ထိုညွန့်ပေါင်းအစိုးရသည် ကျောက်မီးသွေးလောင်စာသုံးစွဲမှုကို ၂၀၃၀ ခုနှစ်အပြီး တဖြည်းဖြည်း လျှော့ချသွားရန်တိုက်တွန်းထားသည်။
“လက်တွေ့မှာ ခါးသီးပေမယ့်လည်း ဓာတ်ငွေ့သုံးစွဲမှုလျှော့ချဖို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စဖြစ်နေပါတယ်” ဟု စီးပွားရေးနှင့် ရာသီဥတုဝန်ကြီး ရောဘတ်ဟာဘက်က ကြေညာချက်တစ်စောင်တွင် ပြောဆိုခဲ့သည်။
စီမံချက်အသစ်များပါဝင်သည့် ဥပဒေတစ်ရပ်ကို လာမည့် သီတင်းပတ်များတွင် စတင်ကျင့်သုံးသွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုဥပဒေတွင် ပြဌာန်းချက်များအရ အစိုးရအနေဖြင့် အရန်ထားရှိသော ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံများ အသုံးပြုလည်ပတ်ခြင်းကို နောက်ဆုံးကျန်သည့် တစ်ခုတည်း သော နည်းလမ်းအဖြစ် ခွင့်ပြုပေးရတော့မည် ဖြစ်သည်။