- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ICRC အကြီးအကဲနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် (ICRC) အကြီးအကဲ ပီတာမော်ရာနှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဇွန်လ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jun 2021

DMG ၊ ဇွန် ၄
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ချုပ် (ICRC) အကြီးအကဲ ပီတာမော်ရာနှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ဇွန်လ ၃ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တွေ့ဆုံမှုအတွင်း ICRC ဘက်က အကျဉ်းထောင်များသို့ သွားရောက်လည်ပတ်ခွင့်နှင့် ပဋိပက္ခဒေသများတွင် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ခွင့်တို့ ပြန်လည်ခွင့်ပြုပေးရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တောင်းဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ပီတာမော်ရာ၏ တွေ့ဆုံမှုသည် ဖေဖော်ဝါရီလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာကို ကိုယ်စားပြုသည့် အကြီးတန်းအရာရှိတစ်ဦးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခြင်းလည်း ဖြစ်သည်။
တွေ့ဆုံမှုအတွင်း အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို လေးစားလိုက်နာရန် ICRC ဘက်က တိုက်တွန်းခဲ့သည်ဟု Nikkei Asia သတင်းက ဆိုသည်။
ယခုသတင်းနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မြန်မာနိုင်ငံဆိုင်ရာ ICRC ရုံးသို့ ဆက်သွယ်မေးမြန်းရာ ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။