- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အာဆီယံဘက်က အရှိန်မြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားဟု စင်္ကာပူ ပြော
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်များ ဘုံသဘောတူညီချက် ရရှိထားသည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နေကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
09 Jul 2021

DMG ၊ ဇူလိုင် ၉
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်များ ဘုံသဘောတူညီချက် ရရှိထားသည့် အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်နေကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မှုဟာ နှေးကွေးပြီး နည်းနည်းလည်း စိတ်ပျက်စရာ ဖြစ်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု လွှတ်တော်တွင်း မေးမြန်းမှုအပေါ် ဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က စာဖြင့် ပြန်လည် ဖြေကြားသည်။
ဤလုပ်ငန်းစဉ်သည် လွယ်ကူမြန်ဆန်စွာ ပြီးစီးမည် မဟုတ်သော်လည်း ၎င်းအား ဘုံသဘောတူညီချက် ငါးရပ်နှင့်အညီ ပူးပေါင်းကူညီသွားမည့် သန္နိဌာန်အပေါ် ချီတုံချတုံ ဖြစ်နေမည်မဟုတ်ဟုလည်း ဝန်ကြီးက ဆိုသည်။
အာဆီယံအဖွဲ့ကြီးသည် ဧပြီလအတွင်း မြန်မာ့အရေး အထူးအစည်းအဝေး ကျင်းပကာ အချက်ငါးချက်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။ သို့သော်လည်း ဤအချက်များကို အပြီးအစီး အကောင်အထည်ဖော်ရန် အချိန်ကန့်သတ်ချက် မသတ်မှတ်ထားပေ။
ပြီးခဲ့သည့် မေလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများအား မြန်မာနှင့် လက်နက်ရောင်းချမှု မပြုလုပ်ရန် တောင်းဆိုခဲ့သလို မြန်မာစစ်တပ်ကိုလည်း ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အား အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့က ထောက်ခံမဲပေးကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့က ကြားနေမဲပေးခဲ့သည်။
စင်္ကာပူသည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုနှင့် လွှဲပြောင်းမှုတို့နှင့် ပတ်သက်သည့် တာဝန်ယူတာဝန်ခံမှုကို အတိအကျ လိုက်နာသလို မည်သည့်နိုင်ငံအပေါ် မဆို ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု သို့မဟုတ် လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်ခြင်းများကို လိုက်နာသွားမည် ဖြစ်ကြောင်း ဝန်ကြီးဘာလာကရစ်ရှနန်က ပြောကြားခဲ့သည်။
ဓာတ်ပုံ - Reuters