- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
စင်္ကာပူက ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုများ ပြုလုပ်
ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှားအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်လိုက်ကြောင်း စင်္ကာပူနိုင်ငံက စနေနေ့တွင် ပြောကြားသည်။
07 Mar 2022

DMG ၊ မတ်လ ၇ ရက်
ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲနေသည့် ရုရှားအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်လိုက်ကြောင်း စင်္ကာပူနိုင်ငံက စနေနေ့တွင် ပြောကြားသည်။
စင်္ကာပူ၏ အရေးယူမှုစာရင်းတွင် ဘဏ်လေးဘဏ်၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းခွင့်တို့ ပါဝင်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတကာ ရေကြောင်းသယ်ယူပို့ဆောင်ရေး ဗဟိုချက်မ တစ်ခုဖြစ်သည့် စင်္ကာပူသည် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လေ့မရှိသည့်နိုင်ငံငယ် တစ်ခုဖြစ်သည်။
ယူကရိန်းနိုင်ငံသားများအတွက် ဘေးအန္တရာယ်ဖြစ်စေမည့် သို့မဟုတ် ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုများကို အထောက်အပံ့ဖြစ်စေမည့် ပစ္စည်းများကို တင်သွင်းခွင့်ပြုတော့မည် မဟုတ်ကြောင်း စင်္ကာပူက ပြောသည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး နယ်မြေသိမ်းပိုက်မှု ပြုလုပ်သည့် ရုရှားအစိုးရ၏ လုပ်ရပ်ကို မိမိတို့ လက်မခံနိုင်ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကြေညာချက်တွင် ယခုဒဏ်ခတ်မှုများ မည်သည့်အချိန်၌ စတင်အသက်ဝင်မည်ကို အချိန်ကာလ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
“ယခုလုပ်ရပ်သည် သဘောတရားအရ လိုက်နာရမည့်အချက်မဟုတ်ဘဲ အလွန်အန္တရာယ်များသည့် အစဉ်အလာတစ်ရပ်သာ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရုရှား၏ အခြေအမြစ်မရှိသည့် တိုက်ခိုက်မှုကို စင်္ကာပူအနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချရခြင်းဖြစ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။