ရှန်ဟိုင်းတွင် အိုမီခရွန် အမျိုးအစားသစ် BA.5.2.1 တွေ့ရှိ

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် အိုမီခရွန်အမျိုးအစားသစ် BA.5.2.1 ရောဂါပိုးပါရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရာရှိတစ်ဦးက ပြောကြားသည်။

12 Jul 2022

ဓာတ်ပုံ - AFP

DMG ၊ ဇူလိုင် ၁၃

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် အိုမီခရွန်အမျိုးအစားသစ် BA.5.2.1 ရောဂါပိုးပါရှိသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရာရှိတစ်ဦးက ပြောကြားသည်။

ဖူဒုံ၏ဘဏ္ဍာရေးခရိုင်တွင် ဇူလိုင်လ ၈ ရက်က တွေ့ရှိခဲ့သော ကူးစက်မှုသည် ပြည်ပကူးစက်မှုတစ်ခုနှင့် ဆက်စပ်နေသည်ဟု မြို့တော်၏ ကျန်းမာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ကျောင်ဒန်ဒန်က ပြောကြားသည်။

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့သည် နှစ်လခန့်ကြာသော ပိတ်ဆို့ခြင်းမှ ဇွန်လအစတွင် လွန်မြောက်လာခဲ့သော်လည်း အလားအလာများသည့် ကူးစက်မှုကွင်းဆက်အသစ်များ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ကန့်သတ်ချက်များ ဆက်လက်ချမှတ်ခဲ့ပြီး  အဆောက်အအုံများနှင့် နေရာများကို ပိတ်ထားခဲ့သည်။

"ကျွန်တော်တို့မြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုများလာတာကို ခုတလောမှာ တောက်လျှောက်ဆိုသလို ထုတ်ပြန်နေရပါတယ်။ လူ့အဖွဲ့အစည်းမှတစ်ဆင့် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်က အလွန်မြင့်မားနေဆဲဖြစ်ပါတယ်" ဟု ရှန်ဟိုင်းကျန်းမာရေးကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ကျောင်ဒန်ဒန်က သတိပေးပြောကြားခဲ့သည်။

ရှန်ဟိုင်းရှိ ခရိုင်ကြီးများတွင် နေထိုင်သူများသည် အလားအလာရှိသော ကူးစက်မှုအသစ်များကို ထိန်းချုပ်နိုင်စေရန်အတွက် ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အတွင်း ကိုဗစ်ရောဂါစစ်ဆေးမှုကို နှစ်ကြိမ်ပြုလုပ်ရမည် ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

နိုင်ငံရပ်ခြားတွင် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ်ကို ဖြစ်ပေါ်စေသည့် အိုမီခရွန် BA.5 မျိုးကွဲကို တရုတ်နိုင်ငံတွင် ယူဂန်ဒါမှ ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာတစ်ဦးထံ၌ မေလ ၁၃ ရက်တွင် စတင်တွေ့ရှိခဲ့ကြောင်း တရုတ် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာထံမှ သိရသည်။

ဗီဒီယိုများ