- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
သီရိလင်္ကာမှာ စက္ကူပြတ်လပ်မှုကြောင့် ကျောင်းစာမေးပွဲများ ရပ်နား
သီရိလင်္ကာနိုင်ငံတွင် ဒေါ်လာငွေပြတ်လပ်ပြီး စာရေးစက္ကူ ဝယ်ယူတင်သွင်းနိုင်ခြင်း မရှိသဖြင့် နိုင်ငံတစ်ဝန်းတွင် ကျောင်းသားပေါင်း သန်းပေါင်းများစွာအတွက် ကျင်းပရန်ရှိနေသည့် စာမေးပွဲများအား ရပ်ဆိုင်းလိုက်ရကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောကြားသည်။
21 Mar 2022

DMG ၊ မတ်လ ၂၁ ရက်
သီရိလင်္ကာနိုင်ငံတွင် ဒေါ်လာငွေပြတ်လပ်ပြီး စာရေးစက္ကူ ဝယ်ယူတင်သွင်းနိုင်ခြင်း မရှိသဖြင့် နိုင်ငံတစ်ဝန်းတွင် ကျောင်းသားပေါင်း သန်းပေါင်းများစွာအတွက် ကျင်းပရန်ရှိနေသည့် စာမေးပွဲများအား ရပ်ဆိုင်းလိုက်ရကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောကြားသည်။
တနင်္လာနေ့မှစ၍ တစ်ပတ်ကြာ ကျင်းပမည့် စာမေးပွဲများအား စက္ကူပြတ်လပ်မှုကြောင့် အချိန်အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။
သီရိလင်္ကာသည် နိုင်ငံလွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။
နိုင်ငံသည် ဘဏ္ဍာရေးအရ အရေးပါသည့် သွင်းကုန်များအတွက် ပြည်ပငွေလဲမှု အရန်ငွေ ပြတ်လပ်မှုဒဏ်ကို အကြီးအကျယ် ကြုံတွေ့နေရပြီး စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးပစ္စည်းများ လျော့နည်းလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံကြွေးမြီ အမေရိကန်ဒေါ်လာ ၆.၉ ဘီလျံခန့်ကို ယခုနှစ်တွင် ဆပ်ရန်ရှိနေပြီး နိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏမှာ ဖေဖော်ဝါရီလကုန်၌ ၂.၂ ဘီလျံခန့်သာ ရှိခဲ့သည်။
နိုင်ငံခြားငွေ ရှားပါးမှုကို ဖြေရှင်းရန်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ ငွေကြေးအကူအညီ တောင်းခံမည်ဟု ကိုလံဘိုက ယခုသီတင်းပတ်တွင် ပြောကြားသည်။
IMF ဘက်ကလည်း မိမိတို့အနေဖြင့် သမ္မတ ဂိုတာဘာယာရာဂျာပါဆာ၏ အကူအညီတောင်းခံမှုကို သုံးသပ်လျက်ရှိကြောင်း သောကြာနေ့တွင် ပြောကြားထားသည်။