- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယတွင် မသန့်ရှင်းသည့်အရက် သောက်သုံးမိသဖြင့် ၄၇ ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံ တမီးနာဒူးပြည်နယ်တွင် မသန့်ရှင်းသည့် အရက်ကို သောက်သုံးမိရာမှ လူပေါင်း ၄၇ ဦးထက်မနည်း သေဆုံးသွားကြောင်း အီကောနောမစ်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Jun 2024
အိန္ဒိယနိုင်ငံ တမီးနာဒူးပြည်နယ်တွင် မသန့်ရှင်းသည့် အရက်ကို သောက်သုံးမိရာမှ လူပေါင်း ၄၇ ဦးထက်မနည်း သေဆုံးသွားကြောင်း အီကောနောမစ်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်နယ်မြို့တော် ချန်နိုင်းမြို့နှင့် မိုင် ၁၅၀ ခန့်ဝေးသည့် ကာလာကူရီချီခရိုင် ဆေးရုံသို့ ၁၉ ရက်နေ့တည်းက အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားပြီး လာရောက်ကုသမှု ခံယူသူ ၁၀၀ ကျော်အထိ ရှိကြောင်း အစိုးရပြောခွင့်ရတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ဇွန်လ ၂၀ ရက်နေ့က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရားမဝင် အရက်ရောင်းချမှု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ခရိုင်အခွန်မှူးနှင့် ရဲမှူးအပါအဝင် အရာရှိစုစုပေါင်း ၁၀ ဦးထက်မနည်းကို ရာထူးမှဆိုင်းငံ့ထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။
အသက် ၄၉ နှစ်အရွယ် ဂိုဗင်ဒရာ့ဂျ် ဆိုသူအပါအဝင် စုစုပေါင်း သုံးဦးကိုလည်း အရက်ပုန်းရောင်းချမှု၊ မီသနောရောစပ်ထားသည့် အရက် လီတာ ၂၀၀ သိမ်းဆည်းရရှိမှုတို့ဖြင့် ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တမီးနာဒူးပြည်နယ်တွင် ယမန်နှစ်ကလည်း အရက်ပုန်းသောက်သုံးပြီးနောက် အဆိပ်သင့်ကာ သေဆုံးသူစုစုပေါင်း ၂၃ ဦးအထိ ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်က နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်နှင့် ဂူဂျာရက်ပြည်နယ်တို့တွင် မသန့်ရှင်းသည့်အရက် သောက်သုံးမိ၍ သေဆုံးသူ ၅၈ ဦးထက်မနည်း ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင်လည်း ပန်ဂျပ်ပြည်နယ်တွင် အလားတူဖြစ်ရပ်ကြောင့် သေဆုံးသူ ၁၂၀ ထက်မနည်း ရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။