- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အာဆီယံကိုယ်စားလှယ်အဖွဲ့ ယခုသီတင်းပတ်အတွင်း မြန်မာသို့လာမည် ဟုဆို
အာဆီယံအသင်း ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့သည် ယခုသီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရင်းမြစ် လေးခုထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
02 Jun 2021

DMG ၊ ဇွန် ၂
အာဆီယံအသင်း ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့သည် ယခုသီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရင်းမြစ် လေးခုထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယခုနှစ် အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof နှင့် အာဆီယံ၏ အထွေထွေအတွင်းရေးမှူး Lim Jock Hoi တို့သည် ယခုသီတင်းပတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ခေါင်းဆောင်များ၊ အခြားသက်ဆိုင်သူများနှင့် တွေ့ဆုံရန်စီစဉ်ထားသည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များထံမှ သိရကြောင် ရိုက်တာသတင်းက ဖော်ပြသည်။
သို့သော်လည်း ခရီးစဉ် နှောင့်နှေးခြင်း သို့မဟုတ် စီမံခန့်ခွဲရေးနှင့် သံတမန်ရေးရာ အဟန့်အတားများ ပေါ်လာပါက အစီအစဉ် အပြောင်းအလဲများ ရှိသွားနိုင်ကြောင်းလည်း ရင်းမြစ်များက ပြောသည်ဟု ဆိုသည်။
လက်ရှိ တိမ်းရှောင်နေရသည့် အတိုက်အခံ NUG အဖွဲ့တွင် တွေ့ဆုံရန် အာဆီယံကိုယ်စားလှယ်များတွင် အစီအစဉ် ရှိ မရှိ သေချာမသိရပေ။
အာဆီယံခေါင်းဆောင်များ ကြေညာခဲ့သည့် သဘောတူညီချက် ငါးချက် ထုတ်ပြန်အပြီး ငါးပတ်ကျော်အကြာတွင် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အာဆီယံ၏ ကြေညာချက်၌ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးရန်၊ အကူအညီများ လက်ခံရန်၊ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ ခန့်အပ်ပြီး မြန်မာသို့ စေလွှတ်ရန်တို့ ပါဝင်သည်။
အာဆီယံအဖွဲတွင် နိုင်ငံအချင်းချင်း ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ရှိသလို မြန်မာ့အရေးအား မည်ကဲ့သို့ တုံ့ပြန်ဖြေရှင်းမည်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် သဘောထား ကွဲလွဲမှုများရှိသည်။