- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဒေါ်နယ်ထရမ့်အား ဖေ့စ်ဘုတ်အသုံးပြုခွင့် ရာသက်ပန်ပိတ်ပေးရန် ထရမ့်ကိုဝေဖန်သူများ တောင်းဆို
ဒေါ်နယ်ထရမ့်အား ဖေ့စ်ဘုတ်အသုံးပြုခွင့် ရာသက်ပန်ပိတ်ပေးရန် ပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဖေ့စ်ဘုတ်ကို တိုက်တွန်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Feb 2021

ဒေါ်နယ်ထရမ့်အား ဖေ့စ်ဘုတ်အသုံးပြုခွင့် ရာသက်ပန်ပိတ်ပေးရန် ပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဖေ့စ်ဘုတ်ကို တိုက်တွန်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်လွှတ်တော်အဆောက်အအုံ တိုက်ခိုက်ခံရမှုအပြီး ဖေ့စ်ဘုတ်ကုမ္ပဏီကို ဝေဖန်သူများနှင့် လွတ်လပ်သော နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများသည် ဖေ့စ်ဘုတ်၏ ကြီးကြပ်ရေးဘုတ်အဖွဲ့အား ထရမ့်ကို အသုံးပြုခွင့် ပိတ်ပင်ပေးရန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာ တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်ပေါ်တွင် မည်သည်ကို ပယ်ဖျက်မည်၊ ခွင့်ပြုမည်ကို အဆိုပါ ကြီးကြပ်ရေးဘုတ်အဖွဲ့က အဆုံးသတ် ဆုံးဖြတ်ချက်ပေးမည် ဖြစ်သည်။
ထရမ့်အား အသုံးပြုခွင့် ပေး မပေးကို ဧပြီလအတွင်း အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည်ဟု ယူဆရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ထရမ့်အား အသုံးပြုခွင့်ပေးခြင်းသည် အကြမ်းဖက်မှု၊ အမုန်းစကားနှင့် သတင်းအမှားများကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်ပြီး အသက်ဆုံးရှုံးမှု၊ ဒီမိုကရေစီ အားနည်းမှုတို့ ပေးဆပ်ရနိုင်ကြောင်း ဝေဖန်ရေးသမားများက “မီးမမွှေးပါနဲ့” ဟူသောခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် စာတွင် ဖော်ပြထားသည်။
အခြားတစ်ဘက်တွင်မူ ဖေ့စ်ဘုတ်နှင့် တွစ်တာမှ ထရမ့်ကို အသုံးပြုခွင့် ပိတ်ပင်ခြင်းသည် နိုင်ငံရေး ဘက်လိုက်ခြင်း ဖြစ်သလို လွတ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ချယ်ခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
တွစ်တာက ထရမ့်ကို အသုံးပြုခွင့် ပိတ်ပင်လိုက်သော်လည်း တွစ်တာအကြီးအကဲ ဂျက်ဒေါ်စီက ဤလုပ်ရပ်သည် လူမှုကွန်ရက်များပေါ်တွင် အားကောင်းခိုင်မာသည့် ပြောဆိုဆွေးနွေးမှုများကို မြှင့်တင်ပေးရေးအတွက် ကျရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဂျာမနီအကြီးအကဲ အန်ဂျလာမာကယ်ကလည်း လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုရှယ်မီဒီယာများက ဆုံးဖြတ်ပေးနေခြင်းမျိုး မဖြစ်သင့်ဟု သူ၏ ပြောခွင့်ရပုဂ္ဂိုလ်မှတစ်ဆင့် ပြောကြားခဲ့သည်။
(သရုပ်ဖော်ပုံ - Fox Business)