- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
တူရကီတွင် အင်အားပြင်းငလျင်ကြောင့် လူ ၂၀ သေဆုံး
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် သောကြာနေ့ညက အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားသဖြင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
25 Jan 2020

တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ဇန်နဝါရီ ၂၄ ရက် (သောကြာနေ့) ညပိုင်းက အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားသဖြင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော်ရှိကြောင်း AFP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အယ်လာဇစ်ဒေသ အရှေ့ပိုင်းရှိ ဆစ်ဗရစ်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်သွားသည့် ငလျင်သည် ပြင်းအား ၆.၈ မဂ္ဂနီကျူရှိပြီး ဒေသစံတော်ချိန် ညနေ ၈ နာရီ ၅၅ မိနစ် ဝန်းကျင်က လှုပ်သွားခြင်းဖြစ်သည်။
လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ၃၀ ထက်မနည်း ရှိသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အပျက်အစီးပုံများကြားတွင် အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေရေးလုပ်ငန်းများ စနေနေ့အထိ ဆောင်ရွက်နေကြဆဲဖြစ်သည်။
ငလျင်ဒဏ် ခံခဲ့ရသည့် ပြည်သူများအတွက် ပြည်သူများအတွက် ထောက်ပံ့ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားသည်။
“မာလက်ယာမှာ အပျက်အစီးတွေထဲမှာ ပိတ်မိသူတွေ မရှိဘူး။ အယ်လာဇစ်မှာတော့ ပြည်သူ ၃၀ ကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရှာဖွေနေပါတယ်” ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လုက သောကြာနေ့တွင် ပြောကြားသည်။

အေးခဲနေသော ရာသီဥတုကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံများသည် လမ်းမများပေါ်တွင် မီးလှုံနေကြရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
“ငလျင်လှုပ်နေတာ စက္ကန့် ၃၀ လောက်ကြာမယ် ထင်တယ်။ ရာသီဥတုက ဒီလောက်အေးစက်နေတဲ့အထဲ ငလျင်လှုပ်တော့ ကျွန်မဖြင့် ကြောက်လွန်းလို့ အိမ်ထဲပဲနေရမလား အပြင်ထွက်ရမလား မတွေးတတ်ဘူး ဖြစ်သွားတယ်” ဟု ငလျင်ဒဏ်ခံခဲ့ရသူတစ်ဦးက AFP သို့ပြောသည်။
တူရကီတွင် ၁၉၉၉ ခုနှစ်က ပြင်းအား ၇.၄ မဂ္ဂနီကျူရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့သည်။
တူရကီနိုင်ငံသည် ပင်မပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိသဖြင့် ငလျင်ဒဏ်ကို မကြာခဏ ခံရလေ့ရှိသည်။