- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ယူအေအီး-အစ္စရေး သဘောတူညီချက်သည် မွတ်ဆလင်တို့၏ နောက်ကျောကို ဓားနှင့်ထိုးခြင်းဟု အီရန်ဆို
အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် အစ္စရေးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး သဘောတူညီချက်သည် မွတ်ဆလင်များအတွက် နောက်ကျောကို ဓားနှင့်ထိုးခံရခြင်းသာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက အစိုးရပိုင်ရုပ်သံမှတစ်ဆင့် ပြင်းပြင်းထန်ထန် ပြောကြားလိုက်သည်။
14 Aug 2020

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နှင့် အစ္စရေးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး သဘောတူညီချက်သည် မွတ်ဆလင်များအတွက် နောက်ကျောကို ဓားနှင့်ထိုးခံရခြင်းသာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက အစိုးရပိုင်ရုပ်သံမှတစ်ဆင့် ပြင်းပြင်းထန်ထန် ပြောကြားလိုက်သည်။
နှစ်နိုင်ငံကြား ဆက်ဆံရေး သဘောတူညီချက်သည် အန္တရာယ်ကြီးပြီး အရှက်ရဖွယ် လုပ်ရပ်ဖြစ်ကြောင်း အီရန်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ပါရှန်ပင်လယ်ကွေ့တွင် အစ္စရေး၏ နိုင်ငံရေးချိန်ခွင်လျှာ ညှိမှုအတွက်လည်း အီရန်သည် ယူအေအီးအား သတိပေးထားသည်။
“ယူအေအီးအစိုးရနှင့် အခြားသော အပေါင်းအပါ အုပ်ချုပ်သူများသည် ယခုလုပ်ရပ်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ အားလုံးအတွက် တာဝန်ရှိသည်။” ဟု အီရန်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ယူအေအီးနှင့် အစ္စရေး၏ သံတမန်ဆက်ဆံရေး သဘောတူညီချက်အား ကြာသပတေးနေ့တွင် အမေရိကန်က ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။
ယခုသဘောတူညီချက်၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို အပြည့်အဝထူထောင်ရန်၊ ပါလက်စတိုင်းနယ်မြေရှိ အစ္စရေးတို့ သိမ်းပိုက်ထားသည့် နေရာများတွင် ဆောင်ရွက်နေသည့် အစီအစဉ်များအား ရပ်တန့်ရန်တို့ ပါဝင်သည်။
အီရန်ကမူ ယခုလုပ်ရပ်သည် ‘မဟာဗျူဟာမြောက် မိုက်မဲမှု’ သာဖြစ်ပြီး ဒေသတွင်း တုန့်ပြန်မှု ပိုမိုပြင်းထန်လာမည်ကို သံသယဖြစ်စရာ မလိုကြောင်း အစိုးရပိုင်ရုပ်သံတွင် ထုတ်ပြန်ခဲ့သည်။
ယခုသဘောတူညီချက်သည် ပါလက်စတိုင်း လူထုနှင့် မွတ်ဆလင်များ၏ နောက်ကျောကို ယူအေအီးက ဓားနှင့်ထိုးသည့် လုပ်ရပ်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယူအေအီးသည် အာရပ်ပင်လယ်ကွေ့ နိုင်ငံများအနက် အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ထားရှိသော ပထမဆုံး နိုင်ငံဖြစ်ပြီး အာရပ်နိုင်ငံများအနက် အီဂျစ်နှင့် ဂျော်ဒန်ပြီးလျှင် တတိယမြောက် နိုင်ငံဖြစ်သည်။
ယူအေအီးနှင့် အစ္စရေးအကြား ခရီးသွားလုပ်ငန်း၊ တိုက်ရိုက်လေကြောင်းနှင့် သံရုံးများ ဖွင့်လှစ်ရေးတို့ကို လာမည့်သီတင်းပတ်များအတွက် အကောင်အထည် ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။