- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
ယူကေကျန်းမာရေးဝန်ကြီး ကိုဗစ်စည်းကမ်း ဖောက်ဖျက်သဖြင့် ရာထူးမှနုတ်ထွက်
ယူကေကျန်းမာရေးဝန်ကြီး မက်ဟန်းကော့သည် အစိုးရထုတ်ပြန်ထားသည့် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများကို ဖောက်ဖျက်မိသဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ရာထူးမှနုတ်ထွက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Jun 2021

DMG ၊ ဇွန် ၂၇
ယူကေကျန်းမာရေးဝန်ကြီး မက်ဟန်းကော့သည် အစိုးရထုတ်ပြန်ထားသည့် ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများကို ဖောက်ဖျက်မိသဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ရာထူးမှနုတ်ထွက်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိမ်ထောင်ရှိသူ ကျန်းမာရေးဝန်ကြီးသည် သူ၏ လက်ထောက်ဝန်ထမ်းအား ရုံးခန်းတွင်း၌ ဖက်နမ်းနေသည်ကို လုံခြုံရေး ကင်မရာမှတစ်ဆင့် ဖမ်းယူရရှိထားသည့် ပုံအား The Sun သတင်းစာက ဖော်ပြခဲ့ပြီးနောက်တွင် ယခုကဲ့သို့ နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။
ဗြိတိန်တွင် ကိုဗစ်တိုက်ဖျက်ရေးကို ရှေ့ဆုံးမှ ဆောင်ရွက်နေသလို တစ်နိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးအတွက် ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ကြီးသည် သူ၏ နုတ်ထွက်စာအား ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထံသို့ ပေးအပ်ခဲ့သည်။
“စည်းကမ်းချိုးဖောက်မိလျှင် ကပ်ဘေးကြီးအတွင်း စွန့်လွှတ် အနစ်နာခံခဲ့ကြသူများအား အလေးထားသည့်အနေဖြင့် ရိုးသားရန်လိုအပ်ကြောင်း” သူ၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။
ဟန်းကော့၏ နုတ်ထွက်စာကို လက်ခံရရှိပြီး စိတ်မကောင်းဖြစ်ရကြောင်း၊ သူ၏ တာဝန်ထမ်းဆောင်မှုအတွက် အလွန်ပင် ဂုဏ်ယူသင့်ကြောင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့သည်။
နုတ်ထွက်သွားသော ဝန်ကြီးနေရာ၌ လွှတ်တော်အမတ် ဆာဂျစ်ဂျာဗစ်ကို အစားထိုးခန့်အပ်ရန် အဲလိဇဘက်ဘုရင်မကြီးက အတည်ပြုထားပြီ ဖြစ်ကြောင်း ဒေါင်းနင်းလမ်းရှိ ဝန်ကြီးရုံးက ပြောကြားသည်။