- ရခိုင် MSME လုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်နေသေး
- ဒီရေတောပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်ရာတွင် သက်ဆိုင်ရာမှ ပူးပေါင်းပါဝင်မှု အားနည်းနေ
- မီးဘေးအန္တရာယ်မဖြစ်ရေး စစ်တွေ လမ်းဘေးဆီဆိုင်များကို ကြပ်မတ်ပေးရန် လိုအပ်လာ
- စစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့မှုအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ အမေရိကန်ချမှတ်
- ဗကသအဖွဲ့ဝင် ၃၀ ကျော် ထောင်ဒဏ်ချမှတ်ခံထားရပြီး တသက်တကျွန်း ချမှတ်ခံထားရသူ ၂ ဦးပါဝင်
ယူကရိန်းသမ္မတ ဇီလင်စကီး ရှီကျင့်ဖျင်နှင့်တွေ့ရန် စီစဉ်နေဟုဆို
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဘေကျင်းက တောင်းဆိုခဲ့ပြီးနောက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
26 Feb 2023
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးကြရန် ဘေကျင်းက တောင်းဆိုခဲ့ပြီးနောက်တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက တရုတ်သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်လျက်ရှိကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကျနော် ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ စီစဉ်နေပါတယ်” ဟု ဇီလင်စကီးက သတင်းထောက်များကို ပြောကြားသည်။
တွေ့ဆုံမည့် အချိန်နှင့် နေရာကိုမူ သူကပြောကြားခြင်းမရှိပေ။ သို့သော်လည်း တရုတ်သည် ယူကရိန်းအတွက် “တရားမျှတသောငြိမ်းချမ်းရေး” တစ်ရပ် ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားသည့်သဘောတော့ ပြသသည်။
တတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသွားနိုင်သည့် မည်သည့်အနေအထားမျိုးကိုမဆို ရှောင်ကြဉ်နိုင်ရန်အတွက် မိမိသည် ရုရှားသို့ တရုတ်က လက်နက်များထောက်ပံ့နေမှုကို တားမြစ်ရန် အကောင်းဆုံးကြိုးစားသွားမည်ဟုလည်း ဇီလင်စကီးက ပြောကြားသည်။
“တရုတ်ဟာ ရုရှားကို လက်နက်ထောက်ပံ့မှာ မဟုတ်ဘူးလို့ ကျနော် တကယ်ပဲယုံကြည်ချင်ပါတယ်။ ဒီအချက်ဟာ ကျနော့်အတွက် သိပ်အရေးပါပါတယ်” ဟု ဇီလင်စကီးက ပြောဆိုသည်။
တရုတ်သည် ယူကရိန်းစစ်နှင့် ပတ်သက်၍ ၎င်း၏အနေအထားကို သောကြာနေ့အစောပိုင်းက ထုတ်ပြန်ပြောကြားခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးမှု အမြန်ပြုလုပ်ကြရန်လည်း တိုက်တွန်းခဲ့သည်။
ရုရှားအတွက် မဟာဗျူဟာကျသည့် အနီးကပ်မိတ်ဖက် အဖြစ် ရှိနေသည့် တရုတ်က မိမိအနေဖြင့် ဤပဋိပက္ခ၌ ကြားနေအဖြစ်သာ ရှိနေသည်ဟု ဆိုသည်။
အနောက်နိုင်ငံ အများအပြားကမူ တရုတ်၏ ယခုကဲ့သို့ ပြောကြားချက်အပေါ် မယုံကြည်မှုများ ပြသခဲ့သလို ဘေကျင်းနှင့် မော်စကို၏ အနီးကပ်ဆက်ဆံရေးကို စောင့်ကြည့်ရန်လည်း သတိပေးထားကြသည်။